စိတ်ကျဝေဒနာရှင်တစ်ယောက်ရဲ့ ဖွင့်ဟဖွင့်ဝန်ခံချက်

blank

လူတွေကတော့ ကျွန်မကိုတွေ့ရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးမိန်းမလို့ မြင်ကြလိမ့်မယ်။

ရိုးရိုးသားသားဝန်ခံရရင် ကျွန်မလည်း အဲ့ဒီလိုတကယ်ဖြစ်ချင်ပါတယ်။

ကျွန်မမှာ သိပ်ချစ်ရတဲ့ခင်ပွန်းသည်ရှိတယ်။ ကျန်းမာသန်စွမ်းတဲ့ ရင်သွေးနှစ်ယောက်ရှိတယ်။ ပြီးတော့ အောင်မြင်တဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုလည်း ရှိသေးတယ်။ အဲ့ဒီလိုမိန်းမတစ်ယောက်ဟာ အ သက် ၃၅ နှစ်မှာ စိတ်ကျရောဂါဆိုတဲ့ မုန်တိုင်းဂယက်ထဲ လဲကျသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ နော်။

စဉ်းစားကြည့်လေ….။ ကျွန်မမှာ ရုန်းကန်နေရတာဆိုလို့ ဘာတစ်ခုမှမရှိဘူး။ ငိုစရာအကြောင်း ရင်းလည်း မရှိဘူး။

ဒါပေမဲ့ စိတ်ကျရောဂါကို ကျွန်မခံစားခဲ့ရတယ်။

ကျွန်မမိတ်ဆွေတွေက ပြောကြတယ်။

“ ရှင့်ဘဝမှာ ရှိနေတဲ့အရာတွေက ဘယ်လောက်ကောင်းလဲဆိုတာ ကြည့်လိုက်စမ်းပါ။ ရှင့်မှာ အလုပ်ရှိတယ်။ ရှင်အမြဲတမ်းလိုချင်နေခဲ့တဲ့အရာတွေအားလုံး ရှင်ပိုင်ဆိုင်ထားပြီလေ” တဲ့။
ဒါပေမဲ့ ချွင်းချက်အနေနဲ့ ကျွန်မမှာ စိတ်ကျရောဂါလည်း ရှိနေခဲ့ပြီလေ။

အဲ့ဒါဟာ အကြောအဆစ်တွေ ကိုက်ခဲခြင်းလည်း မဟုတ်ဘူး။ မခံမရပ်နိုင်အောင် နာကျင်ခြင်း လည်း မဟုတ်ဘူး။ ခန္ဓာကိုယ်အားဖြင့် ကျွန်မက လုံးဝကောင်းမွန်ပါတယ်။

စိတ်ကျရောဂါဆိုတဲ့ ချွင်းချက်ကြီးက လွဲလို့ပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင်ဒီစာလေးကို ဖတ်နေတယ်ဆိုရင် စိတ်ကျရောဂါဟာ မယုံနိုင်စရာကောင်း လောက်အောင် ဆိုးဝါးတဲ့ရောဂါတစ်ခုဆိုတာ သိစေချင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာဘယ်လောက်ကောင်း နေနေ စိတ်မကျန်းမာရင် အဲ့ဒီဝေဒနာလောက်ဆိုးဝါးတဲ့နာကျင်မှုဆိုတာ မရှိပါဘူး။ ဒါဟာ ကိုယ်တိုင် စိတ်ကျရောဂါခံစားနေရသူတစ်ယောက်ရဲ့ မျှဝေစကားပါ။ သိရင် မြန်မြန်ကုကြပါ။

ဒီရောဂါဟာ ကိုယ်တိုင်ကလွဲပြီး ဘေးလူမမြင်ရပါဘူး။ ဒါကြောင့် လူတစ်ယောက်ကို အပေါ်ယံ အပြုအမူတွေကြည့်ပြီး လွယ်လွယ်အကဲမဖြတ်လိုက်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင်အပျော်ရွှင်ဆုံးလို့ ထင်နေတဲ့လူတစ်ယောက်မှာလည်း သင်မသိနိုင်တဲ့ စိတ်ကျရောဂါရှိနေနိုင် လို့ပါ။ လူတိုင်းအပေါ် ကြင်နာမှုနဲ့ဆက်ဆံလိုက်ပါနော်။

တခြားသူတွေအတွက်လည်း ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။