အခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့အခါ ဖတ်ဖို့။

blank

ရွယ်တူသူငယ်ချင်းတွေ၊ ကျောင်းအတူတူပြီးခဲ့တဲ့သူတွေ၊ အိမ်နီးနားချင်းတွေ ဖေ့စ်ဘုတ်ပေါ်မှာ တင်တဲ့အရာတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေလား။

လူတိုင်းရဲ့ပျော်ရွှင်တဲ့ဘဝတွေ၊ ကောင်းမွန်တဲ့နေ့ရက်တွေ၊ အဆင်ပြေမှုတွေကိုသာ သင်မြင်နေရပေမယ့် သူတို့မှာလည်း သူတို့ရဲ့ရုန်းကန်မှုနဲ့သူတို့ရှိနေသလို သူတို့ကလည်း သင့်ကို အားကျနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လူတိုင်းရဲ့ဘဝဟာ အလျားအနံမတူတာမို့ ပေတံတစ်ချောင်းတည်းနဲ့ အားလုံးကို တိုင်းတာကြည့်ပြီး ကိုယ့်ဘဝကိုကိုယ် အားမလိုအားမရဖြစ်နေပါနဲ့နော်။
ကိုယ့်ကိုယ်ကိုယ်အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းဟာ ကိုယ့်အပေါ်မှာ ကိုယ်ကိုယ်တိုင်မတရားမှု ကျူးလွန်နေတာပဲဆိုတာကို မမေ့ပါနဲ့။