သင့်ကိုယ်သင်ချစ်ရင် တစ်ရက်ကို ၅ မိနစ်အချိန်ပေးပါ။

blank

၅ မိနစ်ဆိုတာ တစ်နေ့တာမှာ ဘာမှမသိသာလိုက်တဲ့အချိန်လေးပါ။ တစ်ခါတလေဆို ဘာမှမလုပ်ဘဲ အမှုမဲ့အမှတ်မဲ့ကုန်ဆုံးသွားတဲ့အချိန်တောင် ဖြစ်နိုင်ပါတယ်။
အဲ့ဒီအချိန်လေးကို တခြားသူတွေအတွက်၊ တခြားအရာတွေအတွက် လုံးဝမပါဘဲ သင့်ကိုယ်သင် အ တွက်ပေးလိုက်မယ်ဆိုရင်…

– သင့်အကြောင်းကို သင်ပိုစဉ်းစားချိန်ရလာမယ်။

– သင်ကြိုက်တဲ့အရာ၊ သင်မကြိုက်တဲ့အရာတွေကို ပိုသိလာမယ်။

– သင်ပျော်ရွှင်တဲ့အရာ၊ သင့်ကိုမပျော်ရွှင်စေတဲ့အရာတွေကို ပိုနားလည်လာမယ်။

– သင်လုပ်ချင်တဲ့အရာ၊ သင်မလုပ်ချင်တဲ့အရာတွေကို ပိုသဘောပေါက်လာမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင့်အကြောင်းကို သင်များများသိလာလေ သင့်ဘဝရဲ့အဓိပ္ပာယ်ကို ပိုရှာဖွေမိလာလေပါ။ ဒါဟာ ဘဝမှာ ပိုမိုပျော်ရွှင်လာဖို့ အစပြုတာပါပဲ။ လူတစ်ယောက်ရဲ့ပျော်ရွှင်မှုကို တခြားလူတစ်ယောက်က ဖန်တီး ပေးလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဘယ်အရာတွေမှာ ပျော်ရွှင်တယ်ဆိုတာ တခြားလူတစ် ယောက်က အပြည့်အဝမသိနိုင်လို့ပါ။

ဒါကြောင့် သင့်ကိုယ်သင်ချစ်တယ်ဆိုရင် တစ်ရက်ကို ၅ မိနစ်အချိန်ပေးဖို့ မမေ့ပါနဲ့နော်။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။