လမင်းက ပေးမယ့် ဘဝသင်ခန်းစာ

blank

၁။ သင့်ဘဝမှာလည်း မပြည့်ဝတဲ့အချိန်တွေလည်းရှိလိမ့်မယ်။ ဒါပေမဲ့ ဘာမှ မဖြစ်ပါဘူး။ တစ်ချိန်ကျရင် သင့်မှာ ပြည့်ဝတဲ့အချိန် တွေလည်း ရှိလာလိမ့်မယ်။ လပြည့်ညတွေဟာ ညတိုင်းရှိတာ မဟုတ်ပါဘူး။ တခြားညတွေမှာ လခြမ်းကွေးကွေးလေးတွေ ဖြစ်နေချိန်တွေလည်းရှိတယ်။

၂။ သူများကို အလင်းပေးဖို့ ဆိုတာ သင်ကိုယ်တိုင် လောင်ကျွမ်းနေစရာမလိုဘူး။ လူတွေထင်ကြတာက သူများကိုအလင်းပေးဖို့ဆိုရင် ကိုယ်လောင်ကျွမ်းပြီးတော့မှ၊ ကိုယ်ဒုက္ခရောက်နေမှ၊ ကိုယ်အရမ်းကြီးပေးဆပ်နေမှ ဆိုပြီး ထင်နေတတ်ကြတယ်။ အဲ့ဒါ မဟုတ်ပါဘူး။ သူတစ်ပါးကို အေးချမ်းစွာ ပေးဆပ်တတ်မယ်ဆိုရင် လောင်ကျွမ်းစရာမလိုပါဘူး။ လမင်းကြီးက နေလို မလောင်ကျွမ်းပေမယ့် အမြဲအေးချမ်းမှုရှိပါတယ်။

၃။ သူများကို အလင်းပေးဖို့ဆိုတာက ကိုယ်ပိုင်အလင်း ဖြစ်နေစရာမလိုပါဘူး။ လမင်းကြီးဆိုတာက နေရဲ့အလင်းရောင်ကနေ တစ်ဆင့် သူများကို ပြန်ပြီး အလင်းပေးနေတာလေ။ နေလောက်တော့ အလင်းမပေးနိုင်ပေမဲ့ သူ့ဘာသာသူတော့ အသုံးဝင်နေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ လူတစ်ယောက်ရဲ့ဘဝမှာ အရေးပါမှုပေးနိုင်ဖို့ဆိုတာ ဒီလူရဲ့ဘဝမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ကိုယ်နေနေဖို့ မလိုပါဘူး။ ဒီနေရာမှာ မနေဘဲနဲ့လည်း လူတစ်ယောက်ရဲ့ဘဝမှာ အရေးပါမှုလေးတွေ ပေးနိုင်ဖို့အတွက် အဝေးတစ်နေရာကနေလည်း ကိုယ်က ထိရောက်မှု ပေးနိုင်ပါတယ်။ လမင်းကြီးဟာ လူတွေရဲ့ အနီးမှာ မရှိပေမယ့် အဝေးတစ်နေရာကနေတော့ အကျိုးပြုတာပါပဲ။

လူတွေရဲ့ ဘဝတွေဟာလည်း ဘယ်လိုအခြေအနေမှာပဲ ရှိနေပါစေ။ အချိန်ပြည့်ပျော်စရာကောင်းနေမှ၊ အဆင်ပြေနေမှ လှတယ်ဆိုတာ မဟုတ်ဘူး။ အဆင်မပြေလည်း သူ့အလှတရားနဲ့သူတော့ ရှိနေလိမ့်မယ်။ အဆင်ပြေမှုရှိနေလည်း သူ့အလှတရားကိုယ်စီနဲ့ ရှိနေတဲ့ သဘောတရားပါပဲ။ လမင်းကြီးဟာ ဘယ်လိုအခြေအနေ၊ အချိန်အခါပဲ ဖြစ်ဖြစ် အမြဲအေးချမ်းနေတာမို့ တချို့ဘဝသင်ခန်းစာတွေအတွက် ကျွန်မတို့တွေ လမင်းကြီးကို ကြည့်ပြီး သင်ယူသင့်တယ် မဟုတ်လား။