ဒီနေ့ဖတ်ဖို့စာ….။

blank

ဒီနေ့ဟာ မုန်တိုင်းတွေထန်ချင်လည်း ထန်မယ်။

ဆူးတွေရှိနေလည်း ရှိနေမယ်။

လေပြည်လေးတွေရှိနေလည်း ရှိနေမယ်။

ဒါပေမဲ့ ဒီနေ့ဟာ ဘဝရဲ့အကောင်းဆုံးနေ့လေးတစ်နေ့ပါ။

ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဟာ…

အနာဂတ်အတွက်အကောင်းဆုံးအသုံးချလို့ရတဲ့အချိန်…

မနေ့ကအမှားတွေ၊ သင်ခန်းစာတွေကို ပြင်ဆင်အသုံးချလို့ ရတဲ့အချိန်…

ကိုယ့်လက်ထဲမှာအပြည့်အဝရှိနေပြီး ကိုယ်ထိန်းချုပ်လို့ရတဲ့အချိန်… ဖြစ်နေလို့ပဲ။

ဒါ့ကြောင့် ဒီနေ့မှာ ဝမ်းနည်းစရာ၊ ပူဆွေးစရာတွေကို ဘေးချိတ်ပြီး အခုရနေတဲ့ အချိန်တွေကို အကောင်းဆုံး အသုံးချပစ်မယ်လေ…။

သင်ကော…

အဆင်သင့်ဖြစ်နေပြီလား။