နားလည်မှုဆိုတာ ကိုယ့်ဘက်ကလည်း ပြန်ပေးရမယ့်အရာပါ။

blank

ပြေလည်တဲ့အချစ်ရေးလို့ဆိုလိုက်ရင် လူတွေပထမဆုံးပြေးမြင်မိကြတာက နားလည်မှုပါ။ သမီးရည်း စား အချစ်ရေးတစ်ခုတည်းတင်မဟုတ်ပါဘူး။ မိဘနဲ့သားသမီး၊ မောင်နှမ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်အား လုံးသောဆက်ဆံရေးတိုင်းမှာ နားလည်မှုက အလွန်အရေးပါပါတယ်။ ပြီးပြည့်စုံတဲ့သူဆိုတာမရှိတဲ့အတွက် ဘယ်သူနဲ့ပဲပေါင်းပေါင်း နားလည်မှုပေးရတာတော့ အမှန်ပါပဲ။ နားလည်မှုမရှိတဲ့သူ၊ နားလည်မှု လုံးဝမပေးနိုင် တဲ့သူအနားမှာ ဘယ်သူမှ ရေရှည်မနေနိုင်ပါဘူး။

ဒါပေမဲ့ “ နားလည်မှု” လို့တွင်တွင်ပြောနေတဲ့သူအများစုမေ့နေတာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ နား လည်မှုဆိုတာ ကိုယ်ဘက်ကပဲရယူရမယ့်အရာလို့ ထင်နေပြီး ကိုယ့်ဘက်ကပြန်ပေးဖို့လည်း လိုတယ်ဆိုတာပါ ပဲ။ နားလည်မှုပေးတယ်ဆိုတာ တစ်ဖက်သတ်ကိစ္စမဟုတ်ပါဘူး။ အပြန်အလှန်ပေးရတဲ့ကိစ္စပါ။ အနည်းဆုံး တော့ သူ့ဘက်က နားလည်မှု ၁ဝ ကြိမ်ပေးထားရင် ကိုယ့်ဘက်ကလည်း ၈ ကြိမ်လောက်ပြန်ပေးမှ ရေရှည် ပေါင်းသင်းဆက်ဆံရေးခိုင်မြဲနိုင်မှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် သင့်အချစ်ရေး၊ သင့်ပေါင်းသင်းဆက်ဆံရေးမှာ နားလည်မှုမရရှိဘူးလို့ခံစားနေရတယ်ဆိုရင် သင့်ဘက်ကကော သူ့အပေါ်လိုအပ်တဲ့နားလည်မှုပေးထားမိရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်ပါနော်။