သင့်ဘဝက ပျော်စရာမကောင်းတာမဟုတ်ပါဘူး။ သင့်ကိုယ်သင်ချစ်ဖို့ မေ့နေလို့ပါ။

blank
Yellow laughing happy smile face. Smiley face ball on background sweet retro vintage color.

သင်ချစ်တဲ့သူတွေနဲ့ပတ်သက်လာရင် သင်ဘယ်လိုအသိအမှတ်ပြုပေးတတ်လဲ။

သူတို့အမှားလုပ်ရင်လည်း လူဆိုတာ မှားတတ်တာပဲလို့ သင်ခွင့်လွှတ်နားလည်ပေးတယ်။

သူတို့အောင်မြင်တဲ့အခါ တော်လိုက်တာလို့ သင်ချီးကျူးဂုဏ်ပြုပေးတယ်။

သူတို့အားသာချက်တွေမြင်တဲ့အခါ ပိုအသုံးချတတ်အောင် သင်တိုက်တွန်းပေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူတို့အားနည်းချက်တွေမြင်တဲ့အခါ မရှုံ့ချဘဲ သင်အားပေးဖေးမတယ်။

ဘာလို့လဲဆိုတော့ အဲ့ဒါက သင်ချစ်တဲ့သူတွေမို့ပါ။ သင်ချစ်တဲ့အတွက် သူတို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းအား လုံးကို သင်လက်ခံအသိအမှတ်ပြုပေးတယ်။ ချီးကျူးဂုဏ်ပြုပေးတယ်။ အဲ့ဒါတွေက သူတို့ကို ပျော်ရွှင်စေပါ တယ်။ တစ်နည်းအားဖြင့် သင့်ကြောင့် သူတို့ပျော်ရွှင်ရတယ်။

အဲ့ဒီလိုပဲ သင်ဆိုတာလည်း သင်ချစ်တဲ့သူတွေထဲမှာ နံပါတ်တစ်ထဲရှိတဲ့သူပါ။

သင့်ကိုယ်သင် အသိအမှတ်ပြုပေးဖူးလား။ လူသားပီပီ မတော်တဆရှုံးနိမ့်စရာကြုံတဲ့အခါ သင့်ကိုယ်သင် အားပေးဖေးမဖူးလား။ သင်အောင်မြင်တဲ့အခါ သင့်ကိုယ်သင် ချီးကျူးဂုဏ်ပြုဖူးလား။ အဲ့ဒါတွေရဲ့အဖြေက လက်ရှိသင့်ပျော်ရွှင်မှုအတိုင်းအတာနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။ ပျော်ရွှင်မှုအားနည်းနေသေးတယ်ဆို ရ်င အဲ့ဒါဟာ သင့်ကိုယ်သင်လက်ခံအသိအမှတ်ပြုမှု၊ ချစ်တတ်မှုအားနည်းနေသေးလို့ပါ။

သင်ကော ပျော်ရွှင်မှုကိုပိုင်ဆိုင်ထားနိုင်ပြီလား။