Facebook ပေါ်မှာ အပေါ်ယံမြင်ရတဲ့ဘဝတွေကိုကြည့်ပြီး သင့်ဘဝကို အားမငယ်လိုက်ပါနဲ့။

blank

ကိုယ်ကသာတစ်နေ့တစ်နေ့မရိုးနိုင်တဲ့အခက်အခဲတွေနဲ့ လုံးချာလည်မဆုံးဖြစ်နေတာ။

မနက်မိုးလင်းလို့ facebook ဖွင့်လိုက်တာနဲ့ သူများတွေရဲ့ ခရီးသွားဓာတ်ပုံတွေ၊ အစားအသောက်ကောင်း စား နေကြတဲ့ပုံတွေ၊ တန်ဖိုးကြီး surprise လက်ဆောင်ပေးကြတဲ့ စုံတွဲတွေရဲ့ပို့စ်တွေ၊ အောင်မြင်မှုတွေစတဲ့ အဆင် ပြေနေကြတဲ့ ပုံရိပ်တွေချည်းတန်းစီတက်လာကြတယ်။ အဆင်မပြေတဲ့သူ၊ ပိုက်ဆံမရှိတဲ့သူ၊ မလှတဲ့သူ၊ မအောင်မြင်တဲ့သူ၊ အခက်အခဲတွေနဲ့ပြည့်နေတဲ့သူဆိုတာ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိနေ သလို ခံစားမိစေတဲ့အထိ အဲ့ဒီပို့စ်တွေက စွမ်းဆောင်နိုင်ပါတယ်။
အဲ့ဒါဟာ ကိုယ့်ဘဝကိုယ်နေမပျော်စေတော့တဲ့၊ မကျေမနပ်ဖြစ်စေတဲ့ခံစားမှုတွေရဲ့အစပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ မြင်နေရတဲ့ဘဝတွေဆိုတာ လူတွေက သူတို့မြင်စေချင်တဲ့ အ ခြမ်းတွေကိုပဲ တင်ထားကြတာဖြစ်ပါတယ်။ သူတို့မမြင်စေချင်တဲ့တခြားအခြမ်းတွေကိုဖုံးကွယ်ထားကြတဲ့ အ တွက်သာ သူတို့မှာ ရုန်းကန်စရာမရှိဘဲ အစစအရာရာအဆင်ပြေချောမွေ့နေတယ်လို့ မြင်ရတာဖြစ်ပါတယ်။ ဒါ ကြောင့် ဆိုရှယ်မီဒီယာဆိုတာ သုံးတတ်ရင် ဗဟုသုတတွေအများကြီးရပါတယ်။ မသုံးတတ်ရင်တော့ စိတ်ပိုင်း ဆိုင်ရာဆိုးကျိုးတွေလည်း ရိုက်ခတ်နိုင်ပါတယ်။

ဒါကြောင့် ခဏတာမြင်ရတဲ့အပေါ်ယံပုံရိပ်တွေကိုကြည့်ပြီး သင့်ဘဝကို ဘယ်တော့မှ အားမငယ်လိုက် ပါနဲ့။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။