ပတ်ဝန်းကျင်တိုင်းမှာ ရှိတတ်တဲ့ လူစား ၂ မျိုးထဲ သင်ကဘယ်ထဲပါလဲ။

blank

လောကကြီးမှာ လူ ၂ မျိုးပဲရှိပါတယ်။

တစ်မျိုးက အပြောတစ်လိုင်းပါ။ သူတို့အကြောင်းပြောမယ်။ သူများအကြောင်းပြောမယ်။ အတင်းပြော မယ်။ လောကကြီးအကြောင်းပြောမယ်။ သူတို့မှာ အိပ်မက်တွေရှိရင် အိပ်မက်တွေအကြောင်းပြောမယ်။ သူတို့ ရှင်သန်ခြင်းဟာ ပြောရုံနဲ့စိတ်ကျေနပ်တင်းတိမ်နေကြတဲ့ရှင်သန်ခြင်းမျိုးပါ။

နောက်တစ်မျိုးကတော့ အလုပ်လုပ်တာပါ။ သူတို့အလုပ်သူတို့လုပ်မယ်။ သူတို့မှာအိပ်မက်တွေရှိရင် အဲ့ဒီအိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် အလုပ်လုပ်မယ်။ အခွင့်အရေးရရင် တခြားသူတွေအတွက် ပါ အလုပ်လုပ်ပေးမယ်။ လောကကြီးအတွက် အလုပ်လုပ်မယ်။ သူတို့ရဲ့ရှင်သန်ခြင်းဟာ အသက်ရှင်ခြင်းနဲ့ သေ ဆုံးခြင်းမရောက်ခင်ကြားမှာ အလုပ်တွေလုပ်နိုင်သလောက်လုပ်သွားဖို့ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူတို့မလုပ်ဘဲရရှိတဲ့အရာကတော့ အတင်းပြောခံရခြင်းပါပဲ။ သူတို့အလုပ်လုပ်နေချိန်မှာ စကားပြောတဲ့သူတွေကလည်း သူတို့အလုပ်သူတို့လုပ်ပြီး အတင်း ပြောကြပါတယ်။ အဲ့ဒီအတင်းတွေကို နားယောင်နေရင် အလုပ်လုပ်နေတဲ့သူအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ အတင်းပြောခံရတာကို လူတိုင်းမကြိုက်တာမှန်ပေမဲ့ အတင်းပြောသူတွေကြောင့် ကိုယ့်အလုပ် ကိုတော့ အပျက်မခံသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နောင်ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ်ကြာတဲ့အခါ လှည့် ကြည့်လိုက်ရင် အတင်းပြောတဲ့သူတွေက အတင်းပြောတဲ့နေရာမှာပဲ ရပ်ကျန်ရစ်ခဲ့မှာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ် လုပ်တဲ့သူကတော့ ငါးနှစ်၊ ဆယ်နှစ်ကြိုးစားခဲ့မှုနဲ့ထိုက်တန်တဲ့နေရာတစ်ခုကို ရောက်နေမှာ သေချာလို့ပါ။
ဒါကြောင့် ဒီနေ့မှာ သင်ကလည်း အတင်းပြောခံနေရတယ်ဆိုရင် စိတ်မပျက်ပါနဲ့။ အတင်းပြောတဲ့သူ တွေက သူတို့အလုပ်သူတို့လုပ်နေချိန်မှာ သင်ကလည်း သင့်အလုပ်သင်လုပ်လိုက်ပါ။ အချိန်တန်ရင် သင့်နေရာ သင်ရောက်ပြီး သူတို့နေရာမှာ သူတို့ကျန်ခဲ့ကြမှာပါ။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦး။