သီချင်းဆိုတဲ့သူတွေဟာ ပိုပျော်ရွှင်ပြီး ပိုကျန်းမာကြတဲ့ အကြောင်းရင်း ၈ ခု

blank

လေ့လာတွေ့ရှိမှုအရ ၈၅% သောလူတွေဟာ သူတို့ဘဝမှာ သူတို့မိဘ၊ သူငယ်ချင်း၊ အိမ်ထောင်ဖက် တွေက “ နားထောင်ကောင်းတာလည်းမဟုတ်ဘဲနဲ့ လူရှေ့သူရှေ့မှာ သီချင်းဆိုမနေစမ်းပါနဲ့ ” လို့ ချစ်စနိုးပြော တာမျိုး ကြုံဖူးကြပါတယ်တဲ့။ သင်ကော အဲ့ဒီလိုပြောခံရတဲ့သူတွေထဲပါလား။ ဒါဆိုရင်တော့ သူတို့ပြောတိုင်း သင့်ဝါသနာကို မရပ်တန့်ပစ်လိုက်ဖို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ သုတေသီတွေရဲ့အဆိုအရ သီချင်း ဆိုရတာ ကြိုက်တဲ့သူတွေမှာ အကျိုးကျေးဇူးကောင်းတွေအများကြီးရှိနေလို့ပါ။

သီချင်းဆိုခြင်းရဲ့အကျိုးကျေးဇူးလေးတွေကတော့…

၁။ နုပျိုစေပါတယ်။

သီချင်းဆိုတဲ့အခါ အစာအိမ်ကနေ မျက်နှာအထိ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားအားလုံးနီးပါး ပါဝင်တဲ့ အတွက် သီချင်းဆိုနေချိန်အတွင်း မျက်နှာပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေ ပြုလုပ်နေသလိုပါပဲ။ ဒါကြောင့် ဆိုပါ များတဲ့အခါ နုပျိုစေပါတယ်။

၂။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်။

သီချင်းဆိုလိုက်တဲ့အခါ စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်မှုကို လျော့ကျစေတဲ့ အောက်ဆီတိုစင်(Oxytocin) ဟော် မုန်း ထွက်လာပါတယ်။

၃။ စိတ်ကျရောဂါကို ကူညီဖယ်ရှားပေးတယ်။

စိတ်ကျရောဂါကို သဘာဝအတိုင်း သက်သာပေးတဲ့ကုသနည်းဟာ သီချင်းဆိုတာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ စိတ်နာကျင်စရာတွေလျော့ကျပြီး စိတ်ချမ်းသာမှုကို တိုးစေတဲ့ အန်ဒေါ်ဖင်န် (endorphins) ဟော် မုန်းတိုးလာတာကြောင့်ပါ။

၎။ အသက်ရှည်စေတယ်။

လေ့လာသူတွေကတော့ သံပြိုင်သီချင်းဆိုခြင်းဟာ လူတွေကို အသက်ပိုရှည်စေတယ်လို့ ယုံကြည်ကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ကော၊ နှလုံးသားပါ ကျန်းမာစေလို့ပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၅။ ပိုအိပ်ပျော်စေတယ်။

သီချင်းဆိုခြင်းက အိပ်နေချိန် ဟောက်ခြင်းရဲ့ ပြင်းထန်မှုတွေ၊ အကြိမ်ရေတွေကို လျော့ကျစေပြီး နှစ် နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ သီချင်းဆိုခြင်းက အသက်ရှူလမ်းကြောင်းကို သန့်စင်ပေးပြီး လည်ပင်းနဲ့ အာခေါင်ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။

၆။ လူမှုဆက်ဆံရေးပိုတိုးတက်လာတယ်။

အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းဆိုကြတာက လူမှုဆက်ဆံရေးကို တိုးတက် ကောင်းမွန်စေပါတယ်။ လူမှုဆက်ဆံရေးတိုးတက်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း တိုးတက် လာပါတယ်။

၇။ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းနဲ့တူတယ်။

Gym သွားရမှာပျင်းတယ်ဆိုရင် သီချင်းဆိုတဲ့အကျင့်လေးလုပ်လိုက်ပါ။ သီချင်းဆိုခြင်းက ခန္ဓာကိုယ် အချိုးအစားကို ပြောင်းလဲမပေးနိုင်ပေမဲ့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး အူနဲ့ဝမ်းဗိုက်ကြွက်သားတွေကို ကြံ့ ခိုင်စေပါတယ်။

၈။ သင့်ကိုယ်ခံအားစနစ်ကို ပိုကြံ့ခိုင်စေတယ်။

လေ့လာတွေ့ရှိမှုတွေအရ သီချင်းဆိုခြင်းက Immunoglobulin ကို ထုတ်လုပ်ပေးခြင်းအားဖြင့် ကိုယ်ခံ အားစနစ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းလိုပဲ အသက်ရှူလမ်းကြောင်းက လေတွေကိုလည်း လွတ်လွတ်လပ်လပ် စီးဆင်းစေတယ်။ ဒါဟာ အအေးမိခြင်းလို ဘက်တီးရီးယားကူးစက်မှုတွေမဖြစ်အောင် လျှော့ချနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

သင်ကော သီချင်းဆိုရတာကြိုက်နှစ်သက်သူလား။