အပျင်းထူတာကို ကိုယ့်ကိုယ်ကိုယ်ချစ်တာလို့ ခေါင်းစဉ်မတပ်ပါနဲ့။

blank

“ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးပဲ” ဆိုတဲ့စကားကို လူတိုင်းပြောကြပါတယ်။ ချစ်လို့ပဲကောင်း တာလေးတွေ ကျွေးချင်တယ်။ လှတာလေးတွေ ဆင်ပေးချင်တယ်။ ပျော်စရာကောင်းတဲ့အချိန်လေးတွေပဲ ပိုင် ဆိုင်စေချင်တယ်။ ချစ်ခင်သူတွေပဲ များစေချင်ပါတယ်။

ဒါက သဘာဝကျပါတယ်။

ဒါပေမဲ့ အဲ့ဒီအရာတွေအားလုံးဟာ ဒီအတိုင်းထိုင်နေရုံနဲ့အလကားဖြစ်လာကြတာမဟုတ်ပါဘူး။ ကိုယ့် ကိုယ်ကိုယ်ကောင်းတာလေးတွေ ကျွေးချင်ရင် အဲ့ဒီလိုအမြဲကျွေးနိုင်အောင် အလုပ်ကြိုးစားပြီး ငွေရှာရမှာပါ။ လှ တာလေးတွေ ဆင်ပေးချင်ရင် လှတာလေးတွေ ဝယ်နိုင်ဖို့ အားထုတ်ရမှာ။ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ပဲ ပိုင်ဆိုင်ချင်တယ်ဆိုရင် စိတ်ညစ်စရာတွေနည်းနိုင်သမျှနည်းအောင် လျှော့ချရမှာပါ။ ချစ်ခင်သူတွေများစေချင် တယ်ဆိုရင် လူတိုင်းချစ်ခင်လေးစားရတဲ့၊ ယုံကြည်ရတဲ့လူကောင်းသူကောင်းတစ်ယောက်ဖြစ်အောင် ကိုယ့် ကိုယ်ကိုယ်တည်ဆောက်ရမှာပါ။ ဘာမှမလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ်သက်တောင့်သက်သာထားပြီး ဘာမှမဟုတ် တဲ့လူတစ်ယောက်ဖြစ်အောင် နေနေတာက ကိုယ့်ကိုယ်ကိုယ်ချစ်တာမဟုတ်ပါဘူး။ အဲ့ဒါက အပျင်းထူတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုရင် လက်တွေ့လုပ်ရပ်တွေနဲ့ သက်သေပြဖို့ မမေ့ပါနဲ့နော်။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။