ကိုယ့်ဘဝကိုယ်ဘာကြောင့်မကြိုက်ကြတာလဲ။

blank

တစ်ခါတလေစဉ်းစားဖူးမှာပါ။ ကံကြမ္မာက ကျွန်မတို့ကို တချို့လူတွေလို ပြည့်စုံတဲ့ဘဝထဲရောက် အောင် မပို့ပေးခဲ့တာလဲဆိုပြီးတော့လေ။ ကိုယ့်ထက်ချောတဲ့သူတွေ၊ ပညာတတ်တဲ့သူတွေ၊ အသိုင်းအဝိုင်း ကောင်းတဲ့သူတွေ၊ မိသားစုကံကောင်းကြသူတွေ၊ ကိုယ့်လောက်မရုန်းကန်ရဘဲ လိုချင်တာရနေသူတွေ အ များကြီးပါ။အဲ့ဒါတွေ မြင်မိတဲ့အခါ ကိုယ့်ဘဝကိုယ်မကြိုက်တော့ပါဘူး။

ကျွန်မလည်း ကိုယ့်ဘဝကိုယ်မကြိုက်ပါဘူး။ ကျွန်မမိဘတွေက ကျွန်မငယ်ငယ်ကတည်းက ကွဲကွာ ခဲ့ကြလို့ အဖေ့အိမ်တစ်လှည့်၊ အမေ့အိမ်တစ်လှည့်နေပြီး ကြီးပြင်းခဲ့ရတယ်။ ပထွေးအိမ်ရောက်ရင် ပထွေး မျက်နှာကြည့်နေရ၊ မိထွေးအိမ်ရောက်ရင် မိထွေးနဲ့တည့်အောင်ပေါင်းရတဲ့ ကျွန်မရဲ့ငယ်ဘဝခံစားမှုတွေက ခါးသီးစရာတွေချည်းပါပဲ။ ကျွန်မသူငယ်ချင်းတွေကို သူတို့ မိဘတွေက ကျောင်းလာကြိုတဲ့အခါ ငေးနေခဲ့ရတဲ့ ခံစားချက်တွေဟာ ကျွန်မရင်ထဲမှာ အနာရွတ်တွေအဖြစ် ကျန်ခဲ့တယ်။ သေချာတာက ကျွန်မဘဝကို ကျွန်မ လုံးဝမကြိုက်ဘူးဆိုတာ အရွယ်ရောက်လာလေ သိလာလေပါပဲ။ မကြိုက်တဲ့ဘဝကို ကျွန်မမလိုချင်တော့ဘူး။ ဒါကြောင့် စွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ငယ်ငယ်က ကျွန်မရွေးချယ်လို့မရခဲ့တဲ့ဘဝကို ကျွန်မစတင်ရွေးချယ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်မချစ်တဲ့သူနဲ့လက်ထပ်တယ်။ အိမ်ထောင်ရေးတည်မြဲဖို့ သာယာဖို့ ကျွန်မအများကြီး အချိန်ယူတည်ဆောက်တယ်။ ကျွန်မရဲ့သားသမီးတွေကို ကျွန်မငယ်ငယ်က တောင့်တခဲ့တဲ့၊ မရခဲ့တဲ့ ပျော် ရွှင်မှုတွေ၊ လုံခြုံနွေးထွေးမှုတွေကို အစွမ်းကုန်ပေးတယ်။ ကျွန်မကြိုက်တဲ့ကမ္ဘာကို ကျွန်မကိုယ်တိုင် တည် ဆောက်တယ်။ ဒီတော့ပျော်ရွှင်မှုကလည်း ကျွန်မဆီကို တဖြည်းဖြည်းရောက်လာခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ ကံကြမ္မာက မျက်နှာလိုက်တတ်ပေမဲ့ ကျွန်မတို့ကို ရွေးချယ်ခွင့်တော့ ပေးထားပါတယ်။သင်လည်း ဘဝမှာ မပျော်ဘူးလား။ သင့်ဘဝကို မကြိုက်ဘူးလား။ ဒါဆို သင်မကြိုက်တာတွေကို ဘဝ ထဲက ဖယ်ပစ်လို့မရပေမဲ့ သင်ကြိုက်တာတွေကိုတော့ သင့်ဘဝထဲကို ဆွဲသွင်းလို့ရပါတယ်။ သင့်ပျော်ရွှင်မှုက သင့်အပေါ်မှာပဲ မူတည်တယ်ဆိုတာ ဘယ်တော့မှမမေ့ပါနဲ့နော်။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။