အသက်ကြီးတဲ့ လူကြီးမိဘတွေနဲ့ အတူတူနေတဲ့သူတွေဖတ်ဖို့

blank

ဒီကာလမှာ အသက်ကြီးတဲ့သူတွေအနေနဲ့လည်း စိတ်ဖိစီးမှုလေးတွေ ကြုံတွေ့နေရပါတယ်။ ပြင်ပကအရာတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိတော့တဲ့အခါ၊ သူတို့တွေ့မြင်နေကျ ပြောဆိုဆက်ဆံနေကျ လူမှုအသိုင်းအဝိုင်းလေးတွေနဲ့ အဆက်အသွယ်မရှိတော့တဲ့အခါ သူတို့တွေဟာ ပိုပြီးအထီးကျန်လာကြတယ်။ Lock down ကာလကို ကျွန်မတို့လူငယ်တွေက ဖုန်းသုံးရင်း၊ စာတွေဖတ်ရင်း၊ Work From Home ရင်း ကျော်ဖြတ်နိုင်ပေမယ့် နဂိုကတည်းက လုပ်စရာရှားပါးတဲ့ လူကြီးတွေအနေနဲ့ စိတ်တွေပိုပြီး အထီးကျန်မှုကို ပိုပြီးခံစားရလာနိုင်ပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ လူကြီးမိဘတွေနဲ့ အတူတူနေတယ်ဆိုရင်…။

သူတို့နဲ့ စကားစမြည်ပြောပေးပါ။

သူတို့ကြိုက်တဲ့ ဇာတ်ကားလေးတွေ အတူတူကြည့်တာတို့ သူတို့ငယ်ငယ်ကအကြောင်းအရာလေးတွေ မေးကြည့်တာတို့ လုပ်ပါ။

ဤ ဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ ဖုန်းပြောဖို့ စီစဉ်ပေးပါ။

ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုပြောပြပါ။ စိုးရိမ်စိတ်မလွန်ဖို့ အားပေးပါ။

အတူတူ တရားဓမ္မဆွေးနွေးတာ၊ တရားထိုင်တာတွေလုပ်ပေးပါ။

သင့်ဘဝရဲ့ကနဦးအချိန်တွေကိုချိုမြိန်စေခဲ့တဲ့ လူကြီးမိဘတွေအတွက် သင်အချိန်ပေးဖို့ တန်ပါပြီ။