စိန်ခေါ်မှုတွေကို ကန့်သတ်မထားပါနဲ့။ ကန့်သတ်မှုတွေကိုသာ စိန်ခေါ်လိုက်ပါ။

blank

လူအများစုအတွက်တော့ လက်ရှိနေနေတဲ့အခြေအနေဟာ သက်တောင့်သက်သာရှိတဲ့အတွက် ဒါကို ပြောင်းလဲပစ်လိုက်ဖို့ ကြောက်ကြပါတယ်။
နေနေကျနေရာကသာ ကိုယ့်အတွက်အကောင်းဆုံးလို့ထင်ကြတယ်။ နေသားကျပြီးသား အခြေအနေ ပျက်စီးပြီး ရုန်းကန်ရမှာကို ကြောက်ကြပါတယ်။ ဒါပေမဲ့ သေချာတာကတော့ အောင်မြင်မှုဆိုတာ သက်တောင့် သက်သာရှိတဲ့နေရာမှာ မရှိပါဘူး။ Comfort ဇုံလို့ ခေါ်ကြတဲ့ သက်တောင့်သက်သာရှိတဲ့ဇုံထဲက ရုန်းထွက်မှသာ လက်ရှိထက်ပိုမြင့်မားတဲ့နေရာ၊ လက်ရှိထက်ပိုကောင်းတဲ့အောင်မြင်မှုဆီကို ရောက်မှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါပေမဲ့ မအောင်မြင်သူအများစုရဲ့အဓိကအကြောင်းရင်းကတော့ ပြောင်းလဲမှုကိုကြောက်တဲ့အတွက် ဘဝရဲ့စိန်ခေါ်မှုတွေကို ကန့်သတ်ထားလိုက်တာပါပဲ။ သူတို့ကန့်သတ်ထားတဲ့နယ်နိမိတ်ကျော်ရင် ရှေ့မတိုးရဲ တော့ပါဘူး။ ဆက်မလျှောက်ရဲတော့ပါဘူး။ အောင်မြင်သူတွေကတော့ သူတို့နဲ့မတူပါဘူး။ သူတို့ရဲ့ကန့်သတ်မှု တွေကိုသာ စိန်ခေါ်ကြတာဖြစ်ပါတယ်။ ကန့်သတ်ချက်တွေကို စိန်ခေါ်ကျော်လွှားပြီး သူတို့သွားချင်တဲ့နေရာကို ရောက်အောင်သွားကြပါတယ်။
ဒါကြောင့် သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။

သင်ကော လက်ရှိမှာ စိန်ခေါ်မှုတွေကို ကန့်သတ်ထားသူလား။ ဒါမှမဟုတ် ကန့်သတ်မှုတွေကို စိန်ခေါ်နေသူလား။