ရေလိုက်ငါးလိုက်နဲ့ မပြောင်းလဲတဲ့ဘဝတစ်ခုကနေ ရုန်းထွက်နိုင်ဖို့……

blank

ဂန္ထဝင်စာချစ်သူတို့ရေ…….

နေ့သစ်တစ်နေ့ကို ရောက်လာပြီဆိုတာနဲ့ အိမ်မှာပဲ အေးဆေးသက်သာနေနေမလား။ လက်ရှိအခြေအနေကနေ ရုန်းထွက်ကြိုးစားမလားဆိုတာ သင့်မှာရွေးချယ်စရာရှိပါတယ်။

လောကကြီးထဲမှာ ရဲရဲဝံ့ဝံ့၊ တောက်တောက်ပပ ရှင်သန်ချင်ရင် အကြောက်တရားတွေနဲ့ ရှင်သန်နေတာကို ရပ်လိုက်ပါ။ အခက်အခဲတွေနဲ့ ရင်ဆိုင်ဖို့ ရှောင်ဖယ်ပြေးနေတာ၊ မိုးခါးရေသောက်နေတာတွေကို ရပ်လိုက်ပါ။

ဖြစ်ချင်တာကို စိတ်ပါလက်ပါနဲ့ ပြောဆိုဖို့၊ လုပ်ဆောင်ဖို့ ရဲရင့်သင့်ပြီ။

သင့်ဘဝမှာ သိမ်ငယ်စိတ်တွေနဲ့ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် လောကကြီးထဲကို ခြေဆန့်လိုက်သင့်ပြီ။ သင့်ရဲ့စစ်မှန်တဲ့အလှတရားကို အခြားသူတွေကို ချပြသင့်ပြီ။

သင်ဟာ တောက်ပဖို့ အချိန်တန်ပါပြီ။ သင့်ဘဝအတွက် ပြင်းပြတဲ့ဆန္ဒ၊ ရည်ရွယ်ချက်၊ စိတ်အားထက်သန်မှုတွေနဲ့ အခြားသူတွေကို ချပြဖို့ အချိန်တန်ပါပြီ။

အခြားသူတွေရဲ့စံနှုန်းသတ်မှတ်ချက်တွေနဲ့ သင့်စံနှုန်းသတ်မှတ်ချက်တွေက တူညီစရာမလိုပါဘူး။ သင့်စံနှုန်းသတ်မှတ်ချက်တွေဆိုတာ သင်လိုချင်တဲ့အရာတွေ၊ သင့်အိပ်မက်တွေနဲ့ သင့်အတွေးအမြင်တွေပဲ ဖြစ်သင့်ပါတယ်။

သင့်ဇာတ်ကြောင်း၊ သင့်အတွေးအမြင်နဲ့ သင့်စိတ်ကူးအိပ်မက်တွေကို လောကကြီးထဲမှာ ချပြဖို့ သတ္တိရှိသင့်ပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ 

သင့်အိပ်မက်တွေကို လက်တွေ့ဖန်တီးနေချိန်မှာ၊ သင်လိုချင်တာတွေကို လုပ်ဆောင်နေချိန်မှာ အခြားသူတွေက သင့်ကို ပြောချင်တာတွေ ပြောကြပါစေ လျစ်လျူရှုထားလိုက်ပါ။

လောကကြီးထဲမှာ ခြေဆန့်ဖို့၊ အကြောက်တရားတွေနဲ့ရင်ဆိုင်ဖို့၊ သံသယဝင်နေသူတွေကို တုံ့ပြန်ဖို့၊ မယုံကြည်သူတွေကို လက်တွေ့လုပ်ဆောင်ပြဖို့ လောကကြီးက သင့်ကို စောင့်ကြိုနေပါတယ်။

သင့်အိပ်မက်တွေနဲ့ ရည်ရွယ်ချက်တွေအတွက် နောင်တမရအောင် နေပါ။ သင်လုပ်ဆောင်စရာတွေအတွက် လက်လျှော့မပစ်လိုက်ပါနဲ့။ သင့်အပေါ် ဝေဖန်သူတွေအားလုံးကို ချန်ထားခဲ့နိုင်အောင် အခုကတည်းက ကြိုတင်ပြင်ဆင်ထားပါ။

ဘာကြောင့်လဲဆိုတော့ သင်တွေးထားတာထက်ကိုပိုပြီး သင်အများကြီး လုပ်ဆောင်နိုင်လို့ပါ။

ဒါကြောင့် ရဲရင့်ပါ။ သင့်ရဲ့အရှိအတိုင်း ဖြစ်တည်မှုအတွက် ဘယ်တော့မှမတောင်းပန်ပါနဲ့။ အရှိအတိုင်း ချပြပါ။ အခြားသူတွေနဲ့ ပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်တွေအတွက် သင့်ကိုယ်သင် မရှင်သန်ပါနဲ့။

သင့်အချိန်ရောက်လာပါပြီ။ လောကကြီးထဲမှာ တောက်ပစွာ ခြေဆန့်လိုက်ပါ။ သင့်ကိုယ်ပိုင်နည်းလမ်းတွေနဲ့ လုပ်ဆောင်ပါ။ သင်အမှန်တကယ်လုပ်ဆောင်နိုင်တာတွေကို ချပြလိုက်ပါ။

ဒီစိတ်ဓာတ်ခွန်အားဖြည့် စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် share လိုက်ပါဦးနော်။