Single သာ မဖြစ်ခဲ့ရင်…….။

blank

အိပ်ရာအကျယ်ကြီးကို တစ်ယောက်တည်း စိတ်ကြိုက်အိပ်ရတဲ့ အရသာကို သိလာခဲ့မှာ မဟုတ်ဘူး။

ကိုယ့်ရဲ့ငွေတွေကို ကိုယ့်အတွက် စိတ်ရှိသလောက်သုံးနိုင်ပြီး လှူနိုင်တန်းတဲ့ ချိုမြမြကောင်းကွက်ကို သိလာခဲ့မှာ မဟုတ်ဘူး။

သူငယ်ချင်းတွေအပေါင်းအသင်းတွေကို အချိန်ပေးနိုင်သလို ကိုယ့်ဘဝကို စိတ်ကြိုက်ပုံဖော်နိုင်တယ်ဆိုတာကိုလည်း သိလာခဲ့မှာ မဟုတ်ဘူး။

ခရီးထွက်ချင်တဲ့အခါ အဖော်ညှိစရာမလိုဘဲ စိတ်ကြိုက်သွားလို့ရတဲ့ အရသာ…

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သဝန်တိုချုပ်ချယ်နေတာတွေကို ဖြေရှင်းညှိနှိုင်းနေစရာမလိုတဲ့အရသာ….

အရာရာကို ကိုယ့်သဘောကျစီမံခွင့်ရနေတဲ့အရသာတွေကို ရှင်းပြရမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်တွေထက်တောင် ရှည်လျားထွေပြားနေပါဦးမယ်။

ဒါတွေကို တချို့လူတွေ ဘယ်လိုမှ သိလာမှာ မဟုတ်ပါဘူးလေ။