ကိုယ် တကယ် ထိန်းချုပ်လို့ရတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ပါ။

blank

တစ်ခါတလေကျရင် လူတွေဟာ ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေနဲ့ ပြောင်းလဲလို့ မရတဲ့အရာတွေအပေါ်မှာ စိုးရိမ်ပူပန်တတ်ကြတယ်။

ဥပမာ- ရာသီဥတုကြောင့် လေယာဉ်ထွက်ခွာချိန်ရွှေ့ဆိုင်း ခဲ့ရင် လေယာဉ်ထွက်ခွာချိန် မမှန်ရ ကောင်းလားဆိုပြီး  လေယာဉ်မယ်တွေအပေါ် မချေမငံ ပြောဆိုလို့မရပါဘူး။သူတို့ပေါ်  မကျေနပ်လို့လည်း ဒီဆိုးဝါးတဲ့ ရာသီဥတုက မပြောင်းလဲသွားသလို ဘယ်သူကမှလည်း လာဖြေရှင်းပေးလို့မရဘူးလေ။

ဒါကြောင့် ထိန်းချုပ်လို့မရတဲ့ အကြောင်းအရာတစ်ခုခုဖြစ်လာရင် ထိန်းချုပ်လို့ရတဲ့ ကိုယ့်စိတ်ကိုပဲ ပြောင်းလဲပြီး အကောင်းဆုံး ဖြစ်အောင် ဘာဆက်လုပ်မလဲ စဉ်းစားရမှာပါ။ အရေးအကြီးဆုံးအချက်ကတော့ ဘယ်အရာတွေကို လူတွေထိန်းချုပ်လို့ ရတာလဲဆိုတာနဲ့ ဘယ်အရာတွေကတော့ လူတွေ ထိန်းချုပ်လို့ မရဘူးလဲဆိုတာကို ခွဲခြားသိမြင်နိုင်တဲ့ အသိဉာဏ်ရှိဖို့ပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တချို့လူတွေဆိုလည်း ကြီးပြင်းလာတဲ့မိသားစုဘဝမှာ ဒဏ်ရာတွေနဲ့ အခက်အခဲတွေ ရှိခဲ့လိမ့်မယ်။ ဒါပေမဲ့ နဂိုတုန်းက ဖြစ်ခဲ့တဲ့ အတိတ်ကို ကြည့်ပြီး ပြောင်းလဲဖို့ ကြိုးစားမယ့်အစား အခုလက်ရှိရောက်နေတဲ့ ကိုယ့်ဘဝမှာ ဘာတွေကို ပြောင်းလဲလို့ ရမလဲ။ ဘာတွေကို ထိန်းချုပ်လို့ရမလဲဆိုတာ ကြည့်ရမယ်။ ကိုယ့်အလှည့်ကျရင် တည်ဆောက်မယ့် မိသားစုဘဝ လေး ပိုသာယာဖို့ ဘယ်လိုဖန်တီးမလဲ။ ဘာတွေဆက်လုပ်မလဲ ဆိုပြီး ကိုယ့်အတွေးအမြင်တွေကနေတစ်ဆင့် လုပ်ရပ်တွေ အပေါ် ထိန်းချုပ်လို့ရတယ်လေ။

အဓိကကတော့ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာတွေကို ပြောင်းလဲနိုင်တဲ့ သတ္တိရှိဖို့ လိုပါတယ်။

ဒါကြောင့် လူတွေအနေနဲ့ လောကကြီးထဲမှာ ထိန်းချုပ်လို့မရတဲ့အရာတွေကို လိုက်ပြီး ပူပန်နေမယ့်အစား တကယ် ထိန်းချုပ်လို့ရတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်လိုက်မယ်ဆိုရင် ပိုပြီးသာယာတဲ့အနာဂတ်လေးတွေ လူတိုင်းဖန်တီးနိုင်လာမယ်ဆိုတာ အမှန်ပါပဲ။