မိဘတိုင်း၊ သားသမီးတိုင်းဖတ်သင့်တဲ့စာလေးတစ်ပုဒ်

blank

ညနေခင်းတစ်ခုမှာ သားတစ်ယောက်ဟာ ဖခင်အိုကြီးကို ညစာကျွေးဖို့ စားသောက်ဆိုင်ကို ခေါ်လာပါ တယ်။ ဖခင်ကြီးက အိုမင်းလွန်းနေပြီမို့ စားသောက်နေချိန်အတွင်း အင်္ကျီနဲ့ဘောင်းဘီတွေပေါ် ဖိတ်ကုန်တော့ ဘေးလူတွေက မနှစ်မြို့သလို ဝိုင်းကြည့်ကြပါတယ်။ သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ။ စားပြီးသွား ကြတော့ သူ့အဖေကိုသန့်စင်ခန်းထဲခေါ်ပြီး သန့်ရှင်းရေးလုပ်ပေးပါတယ်။ ခေါင်းသေချာဖြီးပေးပြီး မျက်မှန် လည်း နေရာတကျပြန်တပ်ပေးပါတယ်။ သူတို့သားအဖပြန်ထွက်လာတော့ အဓိပ္ပာယ်အမျိုးမျိုးနဲ့ မျက်လုံး ပေါင်းများစွာက တိတ်တိတ်ဆိတ်ဆိတ်ပဲ လှမ်းကြည့်နေကြပါတယ်။

သားဖြစ်သူက ပိုက်ဆံရှင်းပြီး ဖခင်အိုကြီးကို ဆိုင်ပြင်ခေါ်ထွက်လာတယ်။ အဲ့ဒီအချိန်မှာပဲ စားသောက် နေကြသူတွေထဲက အသက်ကြီးကြီးလူတစ်ယောက်က သူတို့နောက်ကနေ လိုက်လာပါတယ်။

“ ငါ့တူရေ စားသောက်ဆိုင်ထဲမှာ မင်းဘာမှမကျန်ခဲ့ဘူးလား”

“ မကျန်ခဲ့ပါဘူးခင်ဗျာ” လို့ သားဖြစ်သူက ပြန်ဖြေတယ်။ လူကြီးက ပြုံးလိုက်ပြီးတော့…

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

“ ကျန်ခဲ့ပါတယ်။ မင်းချန်ထားခဲ့တာ ၂ ခုရှိတယ် ငါ့တူ။ တစ်ခုကတော့ သားတွေအတွက် သင်ခန်းစာပါ။ နောက်တစ်ခုကတော့ အဖေတွေအတွက် မျှော်လင့်ချက်ပေါ့ ” လို့ ပြန်ပြောလိုက်ပါတယ်။

သင်ကော ဒီပုံပြင်လေးကိုဖတ်ပြီး ဘယ်အရာလေးတွေရရှိလိုက်လဲဆိုတာ comment box မှာ ရေးခဲ့ ပါဦးနော်။