သင်ဟာ စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဆိုတာပြနေတဲ့ လက္ခဏာများ

blank

ဒီကနေ့ ကမ္ဘာကြီးမှာ အခြေအနေအမျိုးမျိုး၊ အကြောင်းအရင်းအမျိုးမျိုးကြောင့် အဘက်ဘက်က ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူဆိုတာဟာ ရွှေထက်တောင် ရှားပါးလာပါတယ်။ သင့်မှာ ဒီအချက်လေးတွေ ရှိနေပြီဆိုရင်တော့ သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါနော်။ သင်ဟာ ကမ္ဘာကြီးက လိုအပ်နေတဲ့သူ အစစ်အမှန်ပါပဲ။

၁။ ကြင်နာတတ်တယ်။

ဒုက္ခရောက်နေတဲ့သူတစ်ယောက်ကို ဖိဖိစီးစီးကူညီနိုင်တဲ့ အခြေအနေမှာမရှိခဲ့ဘူးဆိုရင်တောင်မှ သင်ဟာ သူ့ရဲ့ နာကျင်မှုတွေကိုတော့ ဝေမျှခံစားပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ထောက်ထားညှာတာမှုဆိုတာ လူတိုင်းမှာ ရှိသင့်တဲ့အရာမဟုတ်လား…

၂။ စိတ်ရှည်တယ်။

ဒီနေ့ခေတ်ကြီးဟာ စိတ်ရှည်သည်းခံမှုဆိုတာ ရှားပါးလာပါပြီ။ လူတိုင်းဟာလည်း ရလဒ်တွေကို လျင်လျင်မြန်မြန်ပဲ သိရှိချင်ကြပါတယ်။ ဒါပေမဲ့ သင်ကတော့ လူတိုင်းထဲမှာ မပါပါဘူး။ အရာအားလုံးဟာ စိတ်ရှည်သည်းခံမှုနဲ့ ထိုက်တန်တယ်ဆိုတာကို သင် ကောင်းကောင်းသဘောပေါက်တယ်လေ။

၃။ ရိုးသားမှုကို တန်ဖိုးထားတယ်။

ရိုးသားမှုကို တန်ဖိုးထားတဲ့သူဟာ ကိုယ်တိုင်လည်း ရိုးသားတတ်ပါတယ်။ သင်ဟာ ဘယ်သူ့ယုံကြည်မှုကိုမှ ရိုက်ချိုးမယ့်သူမဟုတ်သလို လိမ်ညာမယ့်သူလည်းမဟုတ်တာကြောင့် သင့်အနားမှာဆိုရင် လူတိုင်းက လုံခြုံစိတ်ချရသလို ခံစားရပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ တရားမျှတမှုကို မြတ်နိုးတယ်။

သင်ဟာ အခွင့်ထူးခံနေရာမှာ ရောက်နေတယ်ဆိုရင်တောင်မှ တစ်ပါးသူအပေါ်မှာ အခွင့်အရေးမယူတတ်ပါဘူး။ တခြားသူတွေရဲ့ ရပိုင်ခွင့်တွေကို လေးစားမှုထားသလို သူတို့ရွေးချယ်မှုတွေကိုလည်း အကဲဖြတ်တတ်တဲ့အကျင့်မရှိဘူး မဟုတ်လား…။

၅။ တခြားသူတွေအပေါ်မှာ လေးစားမှုထားတယ်။

သင်ဟာ လူတိုင်းကို တန်းတူညီတူသဘောထားတာကြောင့် နှိမ့်ချဆက်ဆံဖို့၊ ဝေဖန်ဖို့၊ အနိုင်ကျင့်ဖို့ဆိုတာ စိတ်ကူးထဲမှာတောင် မရှိဖူးပါဘူး။

၆။ ရက်ရောတယ်။

လူတိုင်းဟာ တန်းတူအခွင့်အရေးရထားတာမဟုတ်ဘူးဆိုတာ သဘောပေါက်ထားတာကြောင့် သင်ဟာ လူတိုင်းကို အချိန်မရွေး ငွေအားအရ၊ လူအားအရ ကူညီဖို့ အသင့်ဖြစ်နေတတ်ပါတယ်။

၇။ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ယူတတ်တယ်။

သူတစ်ပါးအပေါ် အမှားလုပ်မိတဲ့အခါ၊ မရည်ရွယ်ဘဲ နာကျင်စေမိတဲ့ ပြန်တောင်းပန်ဖို့ သင် ဝန်လေးမနေတတ်ပါဘူး။ သင့်စကားလုံးတွေအတွက် သင့်မှာ တာဝန်ခံမှုအပြည့်ရှိပါတယ်။

စာချစ်သူတို့မှာ ဒီအချက်လေးတွေ ပိုင်ဆိုင်ထားပြီဆိုရင်တော့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ SHARE သွားပါဦးနော်။