ခွင့်လွှတ်ပေးတတ်သူသာ စိတ်ဓာတ်ခွန်အားအကြီးမားဆုံးသူပါ။

blank

သားရေ…

သားသူငယ်ချင်းတစ်ယောက်က သားအပေါ်အမှားလုပ်မိပြီး သူမှားတဲ့အတွက် ပြန်တောင်းပန်ပေမဲ့ သားကခွင့်မလွှတ်နိုင်လို့ ခုချိန်အထိ ပြန်မခေါ်သေးဘူးဆိုတော့ မေမေ့မှာ သားကို ပြောစရာတွေ ရှိလာရတယ်။

သားအသက်ငယ်သေးတာမို့ ဘဝခရီးအရှည်ကြီးမှာ အမှားလုပ်မယ့်သူတွေအများကြီးကို ထပ်ကြုံရဦး မှာ အသေအချာပါ။ တမင်အမှားလုပ်တဲ့သူရှိသလို တချို့တွေကလည်း အမှားကို အမှန်ထင်လို့ လုပ်ကြတာ လည်း ရှိပါတယ်။ တချို့ကတော့ မတော်တဆအမှားလုပ်မိတာပါ။ သေချာတာကတော့ လူတိုင်းဟာ တစ်ချိန် မဟုတ်တစ်ချိန်တော့ အမှားလုပ်မိကြတဲ့အတွက် မှားတဲ့လူတိုင်းကို ခွင့်မလွှတ်ဘဲနေမယ်ဆိုရင် သားကိုယ်တိုင် ကလည်း အမှားလုပ်တာပါပဲ။ အမှားကျူးလွန်တဲ့သူတွေနဲ့အတူတူ အားနည်းချက်ရှိတဲ့သူဆိုတာ ပြသလိုက်တာ ပါပဲ။ အထူးသဖြင့် မှား မှန်းသိလို့ အမှားကိုဝန်ခံပြီး တောင်းပန်ရဲတဲ့သူဆိုတာ လောကကြီးမှာ ပိုရှားပါးပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အမှားကိုဝန်ခံရတဲ့ အလုပ်၊ သူတစ်ပါးကို ကိုယ့်အမှားအတွက် တောင်းပန်ရတဲ့အလုပ်က တော်တော်ခက်ပါ တယ်။ မှားမှန်းသိတဲ့သူတိုင်းတောင် တောင်းပန်ချင်ကြတာမဟုတ်ပါဘူး။ အဲ့ဒီလိုပဲ ခွင့်လွှတ်ရတဲ့အလုပ်က လည်း တော်တော်ခက်ပါတယ်။ ကိုယ့်ကိုထိခိုက်အောင်၊ စိတ်ဆိုးအောင်၊ စိတ်နာကျည်းအောင်ပြုလုပ်ထားတဲ့ သူတွေအပေါ် ခွင့်လွှတ်ဖို့က မလွယ်တာ မေမေနားလည်ပါတယ်။ ဒါပေမဲ့ ခွင့်လွှတ်ကြည့်ပါ။ အထူးသဖြင့် တောင်းပန်နေသူကို ခွင့်လွှတ်ပေးကြည့်ပါ။ လူအတော်များများက အမှားလုပ်တဲ့သူကို ခွင့်လွှတ်လိုက်ရင် ကိုယ့် ဘက်က ပျော့ညံ့ရာကျတယ်လို့ ထင်ကြတယ်။ တကယ်တော့ စိတ်ခွန်အားကြီးလို့သာ ခွင့်လွှတ်နိုင်တာပါ။ စိတ်ခွန်အားနည်းတဲ့သူတွေ မလုပ်နိုင်ကြပါဘူး။ ခွင့်လွှတ်ခြင်းကသာ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးနိုင် တာပါ။ ပိုကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဆီ ရှေ့ဆက်နိုင်မှာပါ။

ဒါကြောင့် သားဘဝမှာလည်း စိတ်ခွန်အားကြီးမားသူတစ်ယောက်အဖြစ်ရှင်သန်ချင်ရင် သူတစ်ဖက် သားရဲ့အမှားတွေကို ခွင့်လွှတ်နိုင်သူဖြစ်အောင် ကြိုးစားဖို့ မမေ့ပါနဲ့နော်။
စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦး။