သင့်အတွေးတွေကိုလူတိုင်းမသိနိုင်တာကြောင့် ဖွင့်မပြောဘဲ တစ်ဖက်သားသိဖို့ မမျှော်လင့်ပါနဲ့။

blank

ပရိသတ်တို့ရေ

သမီးရည်းစားတွေကြား တစ်ခါတလေ  သူ ငါ့ကို အရင်ကလောက် ချစ်သေးရဲ့လားဆိုတဲ့အတွေးမျိုး တွေးမိဖူးကြမှာပါ။

ကိုယ်လိုအပ်နေတဲ့အချိန် အနားမှာများ သူရှိပေးမလားဆိုပြီးစောင့်နေရာက ရှိမနေတဲ့အခါ စိတ်ပျက် တာမျိုးဖြစ်ဖူးလား။

တကယ်တော့ အဲ့ဒီလိုဖြစ်ရတာ ကိုယ်ချစ်သူ၊ ရည်းစားက ကိုယ့်ကို အချစ်ပေါ့သွားတာကြောင့်မဟုတ်ဘဲ သူ့မှာ ကိုယ်မသိနိုင်တဲ့ အခက်အခဲ၊ ပြဿနာတစ်ခုခုကို ရင်ဆိုင်နေရလို့လည်း ဖြစ်နိုင်ပါတယ်။

အချစ်ရေးတစ်ခု ၁ဝဝ% ခိုင်မြဲသာယာဖို့ အပြန်အလှန်ဂရုစိုက်မှုတွေ အညီအမျှ ရှိနေရမယ်လို့ ပြောကြတယ်။ တချို့ခက်ခဲတဲ့အခြေအနေတွေကြောင့် တစ်ဖက်က ၂ဝ % လောက်ပဲ ဂရုစိုက်ဖြစ်တဲ့အခါ ကျန်တဲ့ ၈ဝ % ကို ကိုယ့်ဘက်ကပေးလိုက်မယ်ဆိုရင်၊ သူကလည်း ကိုယ့်ကိုတကယ်ချစ်တယ်၊ ကိုယ်ကလည်း သူ့ကိုချစ်တယ်ဆိုရင် ဒီအချစ်ရေးက မသာယာစရာအကြောင်း မရှိပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမြဲတမ်း ကိုယ့်ဘက်ကချည်းပဲ လိုက်ဖြည့်ပေးနိုင်မှာ မဟုတ်တဲ့အတွက် တကယ်လို့ ကိုယ်အကူအညီ လိုအပ်တဲ့အခါ “နင့်ရဲ့ ဂရုစိုက်မှုတွေကို ငါပြန်မျှော်လင့်တယ်နော်” ဆိုတဲ့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုတာ မျိုးတော့ လိုအပ်တာပေါ့။

တကယ်လည်းချစ်ကြပြီး နားလည်မှုတွေတည်ဆောက်နိုင်မယ်ဆိုရင် အင်မတန်ခိုင်မြဲတဲ့ အချစ်ရေးတစ်ခု တည်ဆောက်နိုင်မှာပါ။ တစ်ယောက်ယောက်ကို စချစ်လိုက်ရတာလွယ်ကူပါတယ်။ ဒီအချစ်ကို ခိုင်မြဲအောင် ထိန်းသိမ်းတဲ့အရာမှာ နှစ်ဦးနှစ်ဖက်လုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ နားလည်မှုတွေ လိုအပ်တာကြောင့် အဆင်မပြေမှုတွေရှိနေရင်တောင် တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားနားလည်ပြီး ပိုမိုသာယာတဲ့အချစ်ရေးကို ဆောက်တည်ကြဖို့ အကြံပြုလိုက်ပါတယ်နော်။