စစ်မှန်တဲ့ပျော်ရွှင်ခြင်းအကြောင်း သင် တစ်ခါလောက် စဉ်းစားကြည့်ဖူးလား။

blank

ပျော်ရွှင်မှုဆိုတာ ငွေလား။ ငွေမရှိရင်ကော ပျော်ရွှင်မှုမရှိတော့ဘူးလား။

ဒါဆို ကမ္ဘာပေါ်မှာ စိတ်ညစ်နေတဲ့ ငွေကြေးချမ်းသာသူတွေဆိုတာ တစ်ယောက်မှ မရှိတော့ဘူးလား။

aငွကြေးမရှိသူတွေကကော ဘဝမှာ လုံးဝပျော်ရွှင်မနေကြဘူးလား။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ငွေကြေးက ပျော်ရွှင်မှုကို အဓိကဖန်တီးပေးတဲ့အရာမဟုတ်ဘူး။ အပေါ်ယံအားဖြင့်တော့ ငွေကြေးက စိတ်ကျေနပ်မှုကို ဖန်တီးပေးတာမှန်ပါတယ်။ ဒါပေမဲ့ တစ်ခဏတာ ပါပဲ။ အမြဲတမ်းပျော်ရွှင်သွားဖို့ဆိုရင်တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ ဘဝကို ကျေနပ်ပျော်ရွှင်သွားဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ဘဝမှာ ကိုယ်ပျော်ရွှင်တဲ့အရာတွေကို လုပ်ဆောင်ပါ။

ကိုယ်ပျော်ရွှင်တဲ့ အရာတွေကို စိတ်ပါလက်ပါလုပ်ဆောင်ရင်း အောင်မြင်လာတဲ့အခါ ငွေကြေးကလည်း နောက်ကလိုက်ပါလာမှာပါ။

သင်ကော စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ထားပြီလား။