သစ်စေ့နှစ်စေ့ရဲ့ပုံပြင်

blank

တစ်ခါတုန်းက မြေသြဇာကောင်းတဲ့ မြေပေါ်မှာ သစ်ပင်ဖြစ်လာမယ့် အစေ့လေးနှစ်စေ့ဟာ ဘေးချင်းကပ်လျက် ကျနေခဲ့ပါတယ်။

ပထမ သစ်စေ့လေးက ဘာပြောလဲဆိုတော့ “ငါကတော့ ကြီးထွားချင်တယ်။ ငါ့ရဲ့ရေသောက်မြစ်တွေကို ဟိုးမြေဆီလွှာအနက်ပိုင်းထုထည်ထဲထိရောက်အောင် ထိုးဖောက်ပြီး အမြစ်တွယ်ချင်တယ်။ ကျွန်တော့်ရဲ့ သစ်စေ့အညောင့်ကနေထွက်လာတဲ့ အညွှန့်လေးတွေကနေတစ်ဆင့် သစ်ပင်တစ်ပင်ဖြစ်လာပြီးတော့ ကမ္ဘာမြေကြီးရဲ့တစ်နေရာပေါ်မှာ နေရာယူလိမ့်မယ်ဆိုတာ ငါယုံတယ်။

နွေဦးရာသီရောက်လာပြီဆိုရင် ငါ့သစ်ပင်ကနေ ရွက်နုလေးတွေ ဝေချင်တယ်။ နေရောင်ခြည်ရဲ့ နွေးထွေးမှုတွေကို ခံစားကြည့်ချင်တယ်။ သစ်ရွက်လေးတွေအပေါ် နံနက်ခင်းမှာ ကျတဲ့နှင်းစက်လေးတွေရဲ့ အထိအတွေ့ကို ခံစားကြည့်ချင်တယ်။”

အဲ့ဒီလိုနဲ့ပဲ သူမဟာ ကြီးထွားရှင်သန်လာခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ဒုတိယသစ်စေ့က သက်ပြင်းချလိုက်ရင်း ဒီလိုပြောပါတယ်။

“ဟူး….ငါသာ ရှင်သန်ကြီးထွားလာခဲ့ရင် ငါ့သစ်ပင်ရဲ့ ရေသောက်မြစ်တွေက မြေအောက်ကြီးထဲမှာနေရမှာ။ ပြီးတော့ မြေအောက်ဆိုတာက မှောင်မှောင်မဲမဲကြီး။ ဘာတွေရှိနေမလဲဆိုတာလဲ သိရတာမဟုတ်ဘူး။ ငါ့သစ်စေ့ကနေ ထွက်လာကာစ အညွှန့်လေးတွေကိုလည်း ခရုတွေက စားချင်စားမှာ။ မာကြောတဲ့မြေဆီလွှာထဲ ထိုးဖောက်ပြန်ရင်လည်း ငါ့အမြစ်တွေက နာကျင်ပျက်စီးတာရှိဦးမယ်။

သစ်ပင်လေးက ကြီးလာပြန်ရင်လည်း အရမ်းဆော့တဲ့ ကလေးတွေကလည်း အမြစ်ကနေလာနှုတ်ရင် နှုတ်ဦးမှာ။ တော်ပါပြီ။ လုံခြုံလောက်တဲ့အချိန်ကျမှပဲ ငါသစ်စေ့ကနေ ကြီးထွားတော့မယ်၊ အခုတော့ ခဏလေး နေဦးမယ်။”

ဒီလိုနဲ့ အချိန်တစ်ခုကို သူမက စောင့်နေခဲ့တယ်။ တစ်နေ့မှာတော့ ခြံထဲကကြက်မတစ်ကောင်က အစာစားဖို့ လိုက်ရှာရင်းနဲ့ သစ်စေ့လေးတစ်စေ့ကို တွေ့တဲ့အတွက် အစာအမှတ်နဲ့ နှုတ်သီးနဲ့ ကောက်ပြီး စားလိုက်ပါတော့တယ်။
—————————————-
ဒီပုံပြင်လေးရဲ့ ပေးချင်တဲ့သင်ခန်းစာကတော့ အိပ်မက်ကြီးကြီးမက်တဲ့သူနဲ့ အကောင်းမြင်စိတ်ရှိတဲ့သူဟာ ဘဝမှာ ကြိုးစားရင် တိုးတက်ကြီးပွားဖို့ လွယ်ကူပါတယ်။

ဒါပေမဲ့ မစွန့်စားချင်တဲ့သူ၊ အခက်အခဲတွေကို ရင်မဆိုင်ချင်တဲ့သူနဲ့ မကောင်းမြင်စိတ်ရှိသူအတွက်ကတော့ ဘဝကို သူတို့ကိုယ်တိုင် နစ်မြုပ်သွားဖို့ ဆွဲချလိုက်တဲ့သဘောတရားလေးပါပဲ။