ငိုကြွေးခြင်းဆိုတာ စိတ်အားငယ်တတ်သူတွေရဲ့ လက္ခဏာတစ်ခုလား။

blank

ကျွန်မတို့ငယ်ငယ်ကတည်းက ငိုတော့မယ်ဆိုရင် “မငိုနဲ့” လို့ လူကြီးတွေက ပြောကြတယ်။

ကျွန်မတို့ကြီးလာတာနဲ့အမျှ စိတ်ဓာတ်ခိုင်မာတဲ့သူတွေက မငိုဘူးဆိုတဲ့ မက်ဆေ့ဂ်ျကိုရလာခဲ့ကြတယ်။ တကယ်ကော…ငိုကြွေးခြင်းဟာ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်မကြံ့ခိုင်ခြင်းတွေရဲ့ လက္ခဏာတစ်ခုလား။

လေ့လာသူတွေကတော့ ငိုကြွေးခြင်းက မကောင်းဘူးဆိုတာ မှားယွင်းတဲ့အယူအဆတစ်ခုဖြစ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

ငိုကြွေးခြင်းဟာ…..

၁။  လေ့လာမှုတွေအရ တိရိစ္ဆာန်အများစုဟာ မျက်လုံးကိုအေးစေဖို့ပဲ မျက်ရည်တွေရှိနေတယ် လို့သိရပါတယ်။ နို့တိုက်သတ္တဝါတွေထဲမှာ လူတွေကပဲ စိတ်ခံစားမှုတွေကို မျက်ရည်နဲ့ တုံ့ပြန်ကြတဲ့ သက်ရှိတွေဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် မျက်ရည်ကျတယ်ဆိုတာ လူသားဆန်တယ်ဆိုတာကို ပြသနေတာပဲ မဟုတ်လား။

၂။  မျက်ရည်တွေဟာ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေတာကြောင့် ငိုကြွေးခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၃။ ငိုချလိုက်တဲ့အခါ စိတ်ခံစားမှုတွေကို ဖော်ပြလိုက်ရတာကြောင့် ကိုယ့်ရဲ့ခံစားချက်တွေကို ကိုယ်အရှိအတိုင်းသိလာတယ်။ ကိုယ့်ကိုယ်ကိုယ်ပိုပြီး နားလည်လာစေပါတယ်။

၎။ မျက်ရည်မှာ မျက်စိအမြင်လွှာနဲ့ မျက်ခွံတွေကို အားဖြစ်စေတဲ့ ဂလူးကို့စ်ဓာတ်တွေ ပါဝင်တဲ့အပြင် မျက်လုံးကို သန့်စင်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် နောက်တစ်ခါ မျက်ရည်ကျလာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်မတားဆီးပါနဲ့တော့နော်။