သင့်ကိုယ်သင်အမြဲသတိပေးနေသင့်တဲ့အရာ ၉ ခု

blank
၁။ ဘယ်လောက်ပဲမှောင်နေပါစေ။ အချိန်တန်ရင် အလင်းပြန်ရောက်လာမှာပါ။
၂။ သင့်ဘက်ကပဲ အမြဲတမ်းမမှန်နိုင်တာကို သတိရပါ။
၃။ အလျင်မလိုပါနဲ့။ သင့်တိုးတက်မှုအတွက်လည်း အချိန်တစ်ခုပေးရမယ်ဆိုတာ အမြဲသတိရပါ။
၄။ ဘဝဆိုတာ အမြဲတမ်းနေသာပြီး သက်တံ့ဖြာနေတာမဟုတ်ပါဘူး။ မုန်တိုင်းတွေ၊ မိုးစက်တွေကြားလည်း ရှင်သန်ကျော်ဖြတ်တတ်အောင် ကြိုးစားထားပါ။
၅။ ဘဝတိုက်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါပဲ။ ဘယ်တိုက်ပွဲက သင့်အချိန်နဲ့စွမ်းအင်တွေပေးဖို့ ထိုက် တန်လဲဆိုတာသာ သင်ကိုယ်တိုင်ဆုံးဖြတ်ပါ။
၆။ သင့်ပျော်ရွှင်မှုဟာ တခြားလူတွေကသင့်ကိုနှစ်သက်လက်ခံမှုအပေါ် မူတည်နေတာမျိုး မဖြစ်ပါစေနဲ့။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။
၇။ သင့်လက်တွေမှာ တခြားသူတွေကို ဆုပ်ကိုင်ဖို့အခွင့်အရေးရှိတာမှန်ပါတယ်။ ဒါပေမဲ့ သူတို့လက်တွေမှာ လည်း သင့်လက်ကိုဖြုတ်ချထွက်ခွာသွားဖို့ အခွင့်အရေးရှိတယ်ဆိုတာ မမေ့ပါနဲ့။
၈။ နေ့ရက်တိုင်းကတော့ ရှုပ်ထွေးနေမှာပါပဲ။ သင်ဖြေရှင်းနိုင်တယ်လို့တွေးလိုက်ရင်တော့ သင့်ဖြေရှင်းနိုင်စွမ်း တွေက ပိုကောင်းလာမှာပါ။
၉။ ဘဝဆိုတာ အချစ်ရေးတစ်ခုရှိရုံထက် အများကြီးပိုပါတယ်။ Single ဖြစ်နေပေမဲ့ ပျော်ရွှင်နေသူတွေလည်း အများကြီးပါပဲ။
သင်ကော ဘယ်စကားလေးတွေ သင့်ကိုယ်သင်ပြောဖြစ်လဲ။