ပျော်ရွှင်မှုနဲ့အဆုံးသတ်သွားတဲ့ ဇာတ်ကားတွေဟာ လူတွေကို ဘာကြောင့် မပျော်ရွှင်စေတာလဲ။

blank

စာချစ်သူတို့ရေ…

“ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်း” ဆိုတဲ့ ဇာတ်ကားတစ်ကားကိုကြည့်ပြီး သင့်ရင်ထဲ တ ကယ်မပျော်ရွှင်နေတဲ့ ခံစားမှုမျိုးကို ခံစားဖူးပါသလား။ ပျော်စရာအဆုံးသတ်ဖြစ်နေရက်နဲ့တောင် သင့်စိတ်ထဲ လှိုက်လှဲတဲ့ပျော်ရွှင်မှုကို ခံစားမနေရတာဟာ သင့်လက်တွေ့ဘဝထဲက အချစ်ရေး၊ သင့်အိမ်၊ သင့်ကား၊ ဒါမှမ ဟုတ် သင့်အဝတ်အစားတွေက ဇာတ်ကားတွေထဲကလောက် ကောင်းမွန်မနေတာကြောင့်လား။

အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အိုဟိုင်းယိုး(Ohio) ပြည်နယ်တက္ကသိုလ်ရဲ့လေ့လာတွေ့ရှိမှု အသစ်လေးကို မျှဝေပေးချင်ပါတယ်။ လူပေါင်းများစွာကို အချိန်ပေးစမ်းသပ်လေ့လာပြီး တွေ့ရှိမှုအရ လူတွေဟာ ဝမ်းနည်းစရာဇာတ်ကားတွေကြည့်တဲ့အခါ ဇာတ်လမ်းက ဝမ်းနည်းစရာကောင်းလေလေ သူ တို့အတွင်းစိတ်ခံစားမှုတွေက ပိုပျော်ရွှင်ကြလေဆိုတာကို တွေ့ခဲ့ရပါတယ်။ တစ်နည်းအားဖြင့် အဲ့ဒါ ဟာ ဝမ်းနည်းစရာဇာတ်ကားတွေကို လူတွေကြိုက်နှစ်သက်ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

အဲ့ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ လူတွေအနေနဲ့ ဇာတ်ကားတစ်ကားထဲက ကံဆိုးမိုး မှောင်ကျမှုတွေကို တွေ့မြင်ရတဲ့အခါမှာ သူတို့ရဲ့အတွင်းစိတ်ထဲကနေ သူတို့ရဲ့ကိုယ်ပိုင်ဘဝထဲက ကံကောင်းတယ်လို့ထင်တဲ့အချက်တွေကို ပြန်သုံးသပ်မိကြပါတယ်။  ပြောရရင် ဇာတ်ကားကြည့်နေချိန် အတွင်းမှာ လူတွေဟာ ကိုယ့်ကိုယ်ပိုင်ဘဝကိုလည်း မသိစိတ်နဲ့ချိန်ထိုးသုံးသပ်နေကြတာမျိုးပါ။ ဒါ ကြောင့် ဝမ်းနည်းစရာဇာတ်ကားတွေ အဆုံးသတ်သွားချိန်မှာ ပျော်စရာ ဇာတ်ကားတွေပြီးသွားတာ ထက်ပိုပြီး စိတ်ကျေနပ်ပျော်ရွှင်စွာ ကျန်ရစ်ခဲ့ကြတယ်လို့ လေ့လာတွေ့ရှိမှုမှာ ဖော်ပြထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒါ့အပြင် ကံဆိုးမိုးမှောင်ကျနေတဲ့၊ ဝမ်းနည်းစရာတွေပြည့်နေတဲ့ ဇာတ်ကားတွေကို ကြည့်ခြင်းအားဖြင့် လူတွေကို တကယ်ပဲပိုပျော်ရွှင်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ကိုယ်ပိုင်ဘဝထဲက ကောင်းကွက် တွေအပေါ် ပိုအာရုံစိုက်မိအောင် လုပ်ဆောင်ပေးတာကြောင့်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သူတို့ဘဝထဲက ကံကောင်းခြင်းတွေကို ပြန်သတိရစေတာကြောင့် ပျော်ရွှင်ကြခြင်းဖြစ်ပါတယ်။

သင်ကော ဘယ်လိုဇာတ်ကားမျိုးတွေကို ကြည့်ရတာ ကြိုက်နှစ်သက်သူလဲ။