သင့်ခံစားချက်တွေကို နားထောင်ပေးနေပြီလား။

blank

စာချစ်သူရေ…။

ခါးသီးမှုတွေခံစားရတဲ့အခါ ခဏလေးနားပြီး စိတ်ကို ချိုမြိန်ခြင်းတွေဖြည့်ပါ။

အတိတ်က ရုန်းမထွက်နိုင်ဖြစ်နေတဲ့အခါ ပစ္စုပ္ပန်ကို အာရုံစိုက်ပြီး အားယူပါ။

တာဝန်တွေအများကြီးထမ်းဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်ညှာတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒေါသတွေကြောင့် ပူလောင်နေရတဲ့အခါ တုံ့ပြန်မှုတွေ မလုပ်သေးဘဲ စိတ်ပြန်အေးနိုင်ဖို့ အချိန်ပေးပါ။

အရာရာကို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အခါ တက်ကြွခြင်းတွေရှာဖွေဖို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမပါ။

ပတ်ဝန်းကျင်ရဲ့အပြုအမူ အပြောအဆိုတွေတိုင်းက ကိုယ့်အပေါ်သက်ရောက်မှုရှိနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ သင်ယူပါ။

နာကျင်ကြေကွဲနေတဲ့အခါ ဒဏ်ရာတွေကို ကုစားဖို့အတွက် စိတ်ကိုဖိအားမပေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ။