ဘဝကို ပြောင်းလဲချင်တယ်ဆိုရင်  နံနက်ခင်းတိုင်းမှာ ရေရွတ်ရမယ့် စကားလုံးများ

blank

နိုးထလာတဲ့နေ့ရက်တိုင်းက ငါ့အတွက်တော့ အကောင်းဆုံးနေ့တစ်နေ့ပါပဲ။ နေ့သစ်ကို ခံစားချက်အသစ်နဲ့ စတင်မယ်။

အကောင်းမြင်စိတ်တွေက ငါ့နှလုံးသားထဲကနေ သွေးကြောထဲ ပျံ့နှံ့သွားတာမို့ ပျော်ရွှင်မှုတွေကို ငါတဖြည်းဖြည်း ခံစားလာမိပြီ။

ဘဝမှာ ဘာတွေပဲဖြစ်လာ၊ ဖြစ်လာခဲ့ အခြေအနေနဲ့ အချိန်အခါတွေအပေါ်မူတည်ပြီးတော့ ဘယ်အရာကိုမဆို  ငါ အကောင်းဆုံးလုပ်နိုင်ပါတယ်။

ငါ့ရဲ့ စွမ်းဆောင်နိုင်တဲ့အရည်အချင်းတွေက အကန့်အသတ်မရှိပါဘူး။

နေ့ရက်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတဲ့သူတစ်ယောက်ကို ပြပါဆိုရင် အဲဒါက ငါပါပဲ။

မှန်ထဲကြည့်မိတိုင်းမှာ ငါဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်လို့ပဲ ငါ့ကိုယ်ငါ မြင်မိတယ်။

ငါက ရဲရင့်တယ်။  စိတ်ရောကိုယ်ပါ သန်စွမ်းကျန်းမာတယ်။

ငါဟာ အရည်အချင်းရှိပြီး ထက်မြက်တယ်။

ကိုယ်ချင်းစာတရား၊ စာနာစိတ်နဲ့ ကရုဏာစိတ်တွေလည်း ငါ့ဆီမှာရှိတယ်။

ငါဟာ ကြင်နာတတ်တဲ့လူဖြစ်တဲ့အတွက် ငါ့မှာ အမုန်းတရားဆိုတာမရှိဘူး။

သောကတွေ ကင်းဝေးအောင် နေထိုင်တတ်တာကြောင့် ငါ့မှာ စိုးရိမ်ကြောင့်ကြမှုတွေဆိုတာ မရှိဘူး။

ငါက ထိန်းချုပ်လို့မရတဲ့အရာတွေအတွက်လည်း စိတ်မပူနေသလို ထိန်းချုပ်လို့ရတဲ့ ငါ့စိတ်ကိုပဲ ထိန်းချုပ်တယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ငါ့အတွေးနဲ့ အိပ်မက်တွေက တကယ်ဖြစ်လာမှာပါ။ အဲ့ဒါတွေအကုန်လုံးကို အကောင်အထည်ဖော်နိုင်ရမယ်။

အဲ့ဒီအတွက်လည်း ငါ့ကိုယ်ငါ ဂုဏ်ယူပါတယ်။ ပြီးတော့ ငါ့ကိုယ်ငါ ချစ်တယ်။

ငါ့မှာရှိတဲ့အရာမှန်သမျှနဲ့ ငါပိုင်ဆိုင်တဲ့အရာအားလုံးအတွက် ငါ့ကိုယ်ငါလည်း  ကျေးဇူးတင်တယ်။

သင်ကော… သင့်ဘဝကို တိုးတက်ပြောင်းလဲဖို့ ရေရွတ်တဲ့ စကားလုံးလေးတွေရှိလား။ မျှဝေပေးခဲ့ပါဦး။