နှလုံးသားကို ထိမှန်စေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်

blank

တစ်ရက်မှာ ကျွန်မရဲ့အမေက အိမ်နီးချင်းဆီမှာ “ ဆားလေးနည်းနည်းလောက်ရှိလား ” လို့ ပြောနေသံ ကြားပါတယ်။ အိမ်မှာဆားရှိရက်နဲ့ အမေဘာကြောင့် ဆားလှမ်းတောင်းနေတယ်ဆိုတာ ကျွန်မတကယ်နားမ လည်ပါဘူး။ ဒါကြောင့် အမေ့ကို “ အမေ အိမ်မှာဆားရှိရက်သားနဲ့ ဘာလို့ သူများအိမ်က လှမ်းတောင်းနေတာ လဲ ” လို့ တိုးတိုးလေးမေးလိုက်ပါတယ်။

အမေက ကျွန်မကို ပြန်ဖြေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

“ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဆင်းရဲလွန်းလို့ အမေတို့ဆီကိုပဲ အမြဲတမ်းတစ်ခုမဟုတ်တစ် ခု အကူအညီတောင်းနေရတယ်လေ။ သူတို့ဆီကနေ အမေက သူတို့နိုင်တဲ့ အကူအညီသေးသေးလေးတစ်ခု ပြန်တောင်းလိုက်ခြင်းအားဖြင့် သူတို့အနေနဲ့လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်တော့ဘူး။ ပြီးတော့ အမေတို့ကလည်း သူ တို့ကို လိုအပ်တယ်ဆိုတဲ့ ခံစားချက်လေးလည်း ဖြစ်သွားလိမ့်မယ်။ အမေတို့ဆီကနေ နောက်ထပ်အကူအညီ တွေလိုအပ်လာတိုင်း တောင်းဖို့လည်း ပိုလွယ်ကူသွားအောင်လို့ပါ ” တဲ့။

သင်ကော ဒီဇာတ်လမ်းလေးဖတ်ပြီး ဘယ်လိုအတွေးအမြင်လေးတွေ ရရှိလိုက်လဲဆိုတာ comment box မှာ မျှဝေခဲ့ပါဦးနော်။