လောကကြီးမှာ အလွယ်ကူဆုံးက အပြစ်တင်ရတဲ့အလုပ်ပါပဲ။

blank

လူအများစုဟာ တစ်ခုခုအဆင်မပြေလာတဲ့အခါ၊ ကိုယ်မျှော်မှန်းတဲ့ ရလဒ်ထွက်ပေါ်မလာတဲ့အခါ ကိုယ့် ကိုယ်ကိုယ်ဖြစ်ဖြစ်၊ တခြားသူတွေကိုဖြစ်ဖြစ် အပြစ်တင်တတ်တဲ့ အမူအကျင့်တွေရှိကြပါတယ်။ တစ်ခုခုအပေါ် အပြစ်တင်လိုက်ခြင်းအားဖြင့် ယာယီခဏတော့ စိတ်သက်သာရာရသွားသလိုပါပဲ။ အပြစ်တင်ပါများလာတဲ့အခါ လွယ်လွယ်အပြစ်တင်တတ်တဲ့အကျင့်စွဲလာပါတယ်။ ဖြစ်ပြီးခဲ့သမျှ အတိတ်ကို အပြစ်တင်တာ၊ ပြီးပြီးသားကိစ္စ တွေအတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တာ၊ ကိုယ်အဆင်မပြေနေတာဟာ တစ်ယောက်ယောက်ကြောင့်လို့ အပြစ်တင်နေတာတွေနဲ့ ဘဝက လေးလံဖိစီးလာပါတယ်။ ပျော်ရွှင်မှုတွေ ကင်းမဲ့လာပါတယ်။ တကယ်တော့ အပြစ်တင်ခြင်းဟာ ပြဿနာရပ်တွေအားလုံးအတွက် မှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ပါဘူး။ တခြားသူတွေကို အပြစ်တင်လိုက်ခြင်းအားဖြင့် ပြဿနာတွေကလည်း ပိုကောင်းသွားမှာမဟုတ်ပါဘူး။ အပြစ်တင်လိုက်ခြင်းအားဖြင့် စိတ်ပိုပင်ပန်းပူလောင်ရခြင်းသာ တိုးလာမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

အကောင်းမြင်စိတ်နဲ့ရှင်သန်ရမယ့်လောကကြီးမှာ အပြစ်တင်ခြင်းက အဆိုးမြင်စိတ်တွေကိုသာ မွေးဖွား ပေးနိုင်ပါတယ်။ အဆိုးမြင်စိတ်ဆိုတာ ရှေ့ဆက်လျှောက်ရမယ့်ခရီးလမ်းကို ရပ်တန့်နေစေတဲ့အရာ၊ ပိတ်ပင် တားဆီးနေတဲ့အရာပါ။ ဒါကြောင့် အပြစ်တင်တတ်တဲ့အကျင့်ကို လက်ခံထားမယ့်အစား သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် ရှေ့ဆက်တတ်တဲ့အကျင့်ကို မွေးမြူသင့်ပါတယ်။

သင်ကော သင့်ဘဝထဲကအရာတွေအပေါ် အပြစ်တင်တတ်တဲ့အကျင့်ကို လျှော့ချထားနိုင်ပြီလား။