အိမ်ထောင်မပြုခင်မှာ အမျိုးသမီးတွေအနေနဲ့ ဘာတွေလုပ်ထားသင့်လဲ

blank

ကျွန်မတို့တွေဟာ အရွယ်ရောက်လာပြီဆိုတာနဲ့ ကိုယ့်ဘဝကို ဘယ်လိုဖြစ်ချင်လဲဆိုတာ စိတ်ကူးယဉ်ထားကြတယ်။ လူပျိုလူလွတ်ဘဝမှာ ကိုယ်လုပ်ချင်တဲ့အရာ ၃ ခု တွေးထားတယ်ဆိုရင် ၃ ခုလုံး လုပ်နိုင်ကြတယ်။ ဒါပေမဲ့ အိမ်ထောင်ကျသွားရင်၊ ကလေးတွေရလာရင်  လုပ်ချင်တဲ့အရာတစ်ခုပဲရှိရင်တောင် အဲ့ဒီတစ်ခုကို တကယ်ဖြစ်အောင်လုပ်ဖို့ မလွယ်တော့ပါဘူး။ လက်မထပ်ခင်ကတော့ အချစ်က ဘဝအတွက် အရာရာကို ဦးဆောင်ပေးမယ်လို့ မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့ မှောင်မိုက်တဲ့အချိန်တွေဖြစ်တဲ့ ရန်ဖြစ်တာတွေ၊ လမ်းခွဲတာတွေလည်း အိမ်ထောင်တစ်သက်တာမှာ ပါလာရစမြဲပါ။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်မပြုခင်မှာ ဘာလေးတွေလုပ်ကြည့်သင့်လဲဆိုတာ  ဂန္ထဝင်က တင်ဆက်ပေးချင်ပါတယ်။

၁။ အစ်မတွေ (သို့) မိန်းကလေးသူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ပါ။ အိမ်ထောင်ပြုပြီးနောက်မှာတော့ အေးအေးဆေးဆေးခရီးသွားရဖို့ဆိုတာ မသေချာတော့ပါဘူး။ အစ်မတွေ(သို့) မိန်းကလေးသူငယ်ချင်းတွေနဲ့အတူတူ ခရီးသွားရတာဟာ လွတ်လပ်တယ်၊ မျက်စိပွင့်တယ်၊ ခရီးသွားဖော်အချင်းချင်း ပိုစည်းလုံးလာတယ်လို့ အမျိုးသမီးအများစုက ထောက်ခံကြပါတယ်။

၂။ အသည်းကွဲသွားရင်လည်း ခံစားပစ်လိုက်ပါ။ အသည်းကွဲတဲ့အခါ ပိုသန်မာလာရုံသာမက အချစ်ဆိုတာ ကိုယ့်ဘဝကို အာမခံချက်မပေးနိုင်ဘူးဆိုတာ သိလာရတယ်။

၃။ ငွေကြေးတွေကို ကောင်းမွန်စွာ စီမံတတ်အောင် လေ့ကျင့်ပါ။

၎။ အနာဂတ်ခင်ပွန်းလောင်းနဲ့ ငွေကြေးအကြောင်း ဆွေးနွေးပါ။ ရေတိုကော၊ ရေရှည်အတွက်ပါ ရည်မှန်းချက်တွေအတွက် ငွေကို ဘယ်လိုသုံးစွဲမလဲဆိုတာ တိုင်ပင်ပါ။

၅။ တစ်ယောက်တည်း သီးသန့်နေကြည့်ပါ။

၆။ နောင်တစ်ချိန်မှာ အမှတ်တရတွေ ကျန်နေစေဖို့ အားလပ်ရက်တွေမှာ ပျော်ပျော်ရွှင်ရွှင်နေပါ။

၇။ ဟင်းချက်သင်ပါ။

၈။ ကိုယ်ကြောက်ရွံ့တဲ့အရာတွေကို လုပ်ကြည့်ပါ။ ဥပမာ- အမြင့်ခုန်တာ၊ လူအများရှေ့မှာ စကားပြောတာ၊ စားသောက်ဆိုင်တွေမှာ တစ်ယောက်တည်းစားတာ

၉။ ကိုယ့်အတွက် အကျိုးရှိစေမယ့်သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖွဲ့ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ ပညာရေးကို အာရုံစိုက်ပါ။

၁၁။ ကိုယ်စိတ်ကူးထားတဲ့အလုပ်အကိုင်ကို တကယ်ဖြစ်လာအောင်လုပ်ပါ။

၁၂။ လက်မထပ်ခင်ကတည်းက ကလေးယူမယ့်ကိစ္စနဲ့ ကလေးပြုစုပျိုးထောင်မယ့်ကိစ္စတွေကို သေချာဆုံးဖြတ်ထားပါ။

၁၃။ မကောင်းတဲ့အကျင့်တွေကို စွန့်လွှတ်ပစ်ပါ။

၁၄။ သူများပြောမှ လုပ်တာမျိုးမဖြစ်ရအောင် ကိုယ်ဘာဖြစ်ချင်လဲသိအောင်လုပ်ပါ။

ဒီစာစောင်လေးဟာ စာချစ်သူတို့ဘဝအတွက် လက်တွေ့အသုံးဝင်တယ်ဆိုရင် မျှဝေလိုက်တော့နော်။