ဒီနေ့လူငယ်တွေမသိမီတော့တဲ့ အရင်တုန်းက ဖြတ်သန်းမှုလေးများ

blank

မိသားစုလို အိမ်နီးချင်းအချင်းချင်းစောင့်ရှောက်ကူညီကြတဲ့ ခေတ်ကာလမျိုးမှာ ကျွန်မတို့ကို မွေးဖွားခဲ့ တယ်။

ကလေးဘဝအချိန်တွေဟာ အပျော်ဆုံးပါပဲ။ ကျောင်းဆင်းတာနဲ့ အိမ်ကိုတန်းပြန်တယ်။ ကျူရှင်ဆိုတာ မရှိဘူး။ အိမ်စာတွေပြီးတာနဲ့ တစ်ညနေလုံးမီးကုန်ယမ်းကုန်အပြင်ထွက်ကစားလိုက်ကြတာ အလင်းရောင် ပျောက်မှပဲ သူ့အိမ်ကိုယ့်အိမ်ပြန်ကြတယ်။

ကျွန်မတို့အတွက် သရေစာဆိုတာ ခြံထွက်မာလကာသီးတွေ၊ သရက်သီးတွေပါပဲ။ အခုခေတ်လို ကျန်း မာရေးနဲ့မညီညွှတ်တဲ့ အစားအစာတွေ ကျွန်မတို့ မစားခဲ့ကြရဘူး။ လမ်းဘေးတွန်းလှည်းသည်ဆီက ရေခဲမုန့် ဝယ်စားတယ်။ ဘောလုံးကန်ကြတယ်။ ထုပ်ဆီးတိုးကြတယ်။ တစ်ခါတလေ သူများအိမ်တံခါးသွားခေါက်ပြီး ထွက်ပြေးကြတယ်။ အခုခေတ်လို ရေသန့်ဘူးတွေမပေါ်သေးဘူး။ ရေဘုံဘိုင်ခေါင်းကကျလာတဲ့ရေကို ကျိုချက် သောက်ခဲ့ကြတာပဲ။ သူငယ်ချင်းတွေအိမ် အလည်သွားတယ်။ တစ်မြို့လုံးခြေဆန့်ကြတယ်။ ခေတ်မီဖုန်းတွေ၊ လျှပ်စစ်ပစ္စည်းတွေမပြောနဲ့။ ကြိုးဖုန်းတွေတောင် အိမ်တိုင်းမှာ မရှိဘူး။ ကျွန်မအတွက် ဖုန်းလာရင် အိမ်နီးချင်း က အော်ခေါ်ပေးတယ်။

ကျွန်မတို့အတွက် အကြောက်တရားဆိုတာ မရှိဘူး။ သူငယ်ချင်းတွေက နောက်မှာ အုပ်စုလိုက်ကြီး အ မြဲရှိနေကြတယ်လေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ကျောင်းတွေက စည်းကမ်းကြီးတယ်။ ဒါပေမဲ့ မိုးတွင်းရောက်ရင်တော့ ကျွန်မတို့ သိပ်ပျော်ကြတယ်။ မိုး ရွာလို့ ရေကြီးရင် ကျောင်းသွားဖို့ မလိုတော့ဘူးလေ။ မိုးရေထဲမှာ မြောင်းတလျှောက် စက္ကူလှေလွှတ်ကြတယ်။ ဖျော်ဖြေရေးအနေနဲ့ အိမ်အများစုမှာ ရေဒီယိုတွေပဲရှိတဲ့အတွက် ကျောင်းကနေ အိမ်ပြန်လမ်းတလျှောက် အိမ် တိုင်းဆီက သီချင်းသံနားထောင်ရင်း ပြန်ရုံပါပဲ။

ကျွန်မအမှားတစ်ခုခုလုပ်မိရင် အိမ်တောင်ပြန်မရောက်သေးဘူး။ ရပ်ရွာစွမ်းပကားနဲ့ အိမ်က သိနေကြပါ ပြီ။

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စောင့်ရှောက်ကြတဲ့၊ စိတ်ဝင်တစားရှိကြတဲ့၊ အလေးထားကြတဲ့ ပတ် ဝန်းကျင်အနွေးထွေးဆုံးခေတ်ကာလတစ်ခုမှာ အရွယ်ရောက်ကြီးပြင်းခွင့်ရခဲ့တဲ့အတွက် ကျွန်မတို့သိပ်ကံ ကောင်းပါတယ်။ ဘယ်အချိန်ပြန်တွေးတွေး ဘယ်တော့မှ မမေ့နိုင်မယ့် ဘဝရဲ့ထာဝရအမှတ်တရတွေပါပဲ။

ကျွန်မနဲ့အတူတူကြီးပြင်းခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေလည်း ရှိနေကြသေးတယ်။

သင်လည်း သင်ကြီးပြင်းခွင့်ရခဲ့တဲ့ ခေတ်ကာလလေးအတွက် ဂုဏ်ယူတယ်ဆိုရင်၊ သင်ပျော်ရွှင်စွာ ကြီး ပြင်းခွင့်ရခဲ့တဲ့နေရာလေးကိုလည်း ဘယ်တော့မှ မမေ့ဘူးဆိုရင် သင့်အချစ်ဆုံးသူငယ်ချင်းတွေကို tag တွဲပြီး ဒီ စာစောင်လေးကို SHARE လိုက်ပါဦးနော်။