ကျေးဇူးတင်ပါ။

blank

ဘဝမှာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ တွေ့ကြုံရမှာပါ။ အချိန်တစ်ခဏလေးအတွင်းမှာ လူတိုင်းရဲ့ စစ်မှန်တဲ့စိတ်နေသဘောထားကို သိနိုင်ဖို့ ခက်ခဲပါတယ်။ သင့်ကို ကူညီခဲ့တဲ့လူတွေနဲ့ဆုံလာတဲ့အခါ ကျေးဇူးတင်သလို သင့်ကိုမကူညီခဲ့တဲ့လူတွေနဲ့ ဆုံလာခဲ့ရင်လည်း ကျေးဇူးတင်ပါ။

ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင့်ဘက်က ဘယ်လောက် အားထုတ်ပြီး ကူညီပံ့ပိုးခဲ့ပါစေ ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါ။ သူတို့ဟာ သင့်ကို သင်ခန်းစာတွေပေးဖို့ ဘဝထဲကို ရောက်လာတာဖြစ်သလို သင့်ကိုယ်သင်အားကိုးတတ်ဖို့နဲ့ သင့်စိတ်ကို တန်ဆာဆင်ဖို့က အရေးအကြီးဆုံးဆိုတာကို သင်ပေးဖို့ သင့်ဘဝထဲကို ရောက်လာခဲ့တာပါ။