ရိုင်းစိုင်းတဲ့ message တွေလာပို့တာမျိုး ကြုံရတဲ့အခါ

blank

ကျွန်မက ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပါ။ ချစ်ရတဲ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေနဲ့ ဘဝကို အေးအေးဆေးဆေးကျော်ဖြတ်နေသူတစ်ယောက်ပါ။ ကျွန်မရဲ့အလုပ်ကို ကျွန်မချစ်ပါတယ်။ လုပ်သက်သုံးနှစ်လောက်အကြာမှာ HR နေရာကို ရလာခဲ့သလို လစာလည်း ကောင်းလာပါတယ်။ ပြောရရင်တော့ ဘဝက အဆင်ပြေချောမွေ့နေတာပဲပေါ့။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး သွက်လက်ထက်မြက်တဲ့ အမျိုးသမီးငယ်တစ်ယောက်ပါ။ ကိုယ့်ကိုယ်ကိုယ် သတ္တိရှိတယ်လို့လည်း ထင်နေခဲ့ပါတယ်။ အဖြစ်အပျက်တစ်ခု မဖြစ်ခင်အထိပေါ့။

တစ်နေ့မှာ ကျွန်မရဲ့ facebook အကောင့်ထဲကို messge တစ်စောင်ရောက်လာပါတယ်။

“Hi အစ်မက သိပ်လှတာပဲ” တဲ့။ အကောင့်က အသစ်ဖွင့်ထားတဲ့ အကောင့်မျိုးပါ။ နာမည်ကလည်း အတုပါပဲ။ ပြီးတော့ဆက်ပြီးပို့တဲ့ message တွေကြောင့် ကျွန်မသိပ်ကိုလန့်သွားပါတယ်။ “အစ်မရဲ့ ပေါင်တံလေးတွေက သိပ်လှတာပဲ။ ဂျင်းဘောင်းဘီဝတ်ထားတဲ့ အချိန်ဆို အရမ်းမိုက်တာပဲဗျာ။ တင်တွေရင်တွေကလည်း လုံးဝကျွန်တော်ရချင်တဲ့ ပုံစံ။ ညညဆို အစ်မရဲ့ ဘော်ဒီလေးကို မှန်းမှန်းပြီး တစ်ကိုယ်တော် အာသာဖြေနေရတယ်။ ဘယ်တော့များ အစ်မနဲ့ နီးရမှာလဲ။ မှန်းဆပြီး အာသာဖြေနေရတာတွေကို မုန်းလှပြီ” တဲ့။ Message က အဲ့ဒီလောက်ပဲ မဟုတ်သေးဘူး။ ဖော်ပြလို့မရနိုင်လောက်အောင် ရိုင်းစိုင်းတဲ့ စာတွေရှိပါသေးတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မကိုယ်ကျွန်မ သတ္တိရှိလှပြီ။ ထက်မြက်လှပြီလို့ ထင်နေခဲ့ပေမယ့် တကယ်ကြုံလာတဲ့အခါမှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်မိတယ်။ အဲ့ဒီ message ကို ပို့တဲ့သူက ကျွန်မပတ်ဝန်းကျင်က လူတစ်ယောက်ယောက်ဖြစ်နေမလားဆိုပြီး အကုန်လုံးကို သံသယဖြစ်လာတော့တယ်။ လမ်းလျှောက်ရတာ၊ သွားရလာရတာလည်း စိတ်မလုံခြုံတော့ဘူး။ အလိုလိုဝမ်းနည်း ရှက်ရွံ့နေတယ်။ တစ်ယောက်ယောက်က အမြဲတမ်းစောင့်ကြည့်နေသလို ခံစားလာရတယ်။

အဲ့ဒါနဲ့ ကျွန်မရဲ့သူငယ်ချင်းကို အဲ့ဒီအကြောင်း ဖွင့်ဟပြောဆိုတော့ သူက message တွေကို scrrenshot ရိုက်ထားပြီး အဲ့ဒီအကောင့်ကို ဘလော့လိုက်တယ်။ ပြီးတော့ သူကပြောတယ်။ “နင့်မှာ ဘာအပြစ်မှမရှိဘူး။ နင်ဘာမှ အမှားလုပ်မထားဘူး။ နင့်အနားမှာငါရှိတယ်” တဲ့။ အဲ့ဒီစကားဟာ ကျွန်မအတွက် ဘယ်လောက်အားရှိစေလဲဆိုတာ ပြောမပြတတ်အောင်ပဲ။ သူကပြောတယ် မိန်းကလေးအများစုဟာ အွန်လိုင်းအကြမ်းဖက်တာတွေကို ကြုံတွေ့နေရပေမယ့် တစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတာ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားရတတ်တာ၊ သိမ်ငယ်တာတွေ ခံစားရတတ်တယ်တဲ့။

ကျွန်မအနေနဲ့ ကိုယ်တိုင်ကြုံတွေ့ရပြီးနောက်မှာ တကယ်လို့ ကိုယ်သာ အွန်လိုင်းအကြမ်းဖက်ခံရရင် အားကိုးယုံကြည်ရတဲ့သူတစ်ယောက်ကို ရင်ဖွင့်တိုင်ပင်ပါ။ အကောင့်ကို ချက်ချင်းဘလော့လုပ်ပစ်မယ့်အစား screenshot ရိုက်ထားပါ။ ပြီးရင် ဘလော့လုပ်ပါ။ ကိုယ့်ဘက်ကနေ တုံ့ပြန်ပြီး စာပို့တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ကိုယ်နဲ့မသိတဲ့သူတွေ၊ အကောင့်အတုတွေကို ဘယ်တော့မှ Friend မလုပ်ပါနဲ့ ဆိုတာလေးတွေကို မျှဝေပေးချင်တယ်။

အရေးအကြီးဆုံးကတော့ အကြမ်းဖက်သူနဲ့ အကြမ်းဖက်ခံရသူမှာ အကြမ်းဖက်ခံရသူမှာ အပြစ်လုံးဝမရှိဘူးဆိုတာပါပဲ။