ကိုယ့်သားသမီးပိုက်ဆံဘယ်လိုရှာပြီးပို့နေတယ်ဆိုတာ တချို့မိဘတွေသိစေချင်လိုက်တာ။

blank

ကျွန်မက အဆောင်နေပြီး ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ ဂန္ထဝင်။

အဆောင်နေတာဆို တော့ အဆောင်သူအမျိုးမျိုးကိုလည်း ကြုံရတာပေါ့။ ကျွန်မကြုံနေရတဲ့အဆောင်သူလေးတစ်ယောက်အ ကြောင်းကို ပြောပြချင်လို့ပါ။ သူကလည်း ကျွန်မလိုပဲ နယ်ကနေလာပြီး အလုပ်လုပ်နေတာပါ။ ဖုန်းဆိုင်မှာ သာ မန်အရောင်းဝန်ထမ်းဆိုတော့ လစာလည်း အဲ့ဒီလောက်မကောင်းလှပါဘူး။ ကျွန်မတို့က ကိုယ့်အဆောင်လစာနဲ့ ကိုယ့်စရိတ်ပိုတဲ့ထဲကမှ မိဘကို ပို့နိုင်ပါတယ်။

သူ့ကျတော့ သူ့အိမ်က တောင်းလွန်းလို့ သူ့အိမ်ပို့ပြီး ပိုတာလေးနဲ့ ရပ်တည်နေရပါတယ်။ အစကတော့ မလောက်ရင် ကျွန်မတို့အဆောင်သူချင်းကြား ချေးငှားသုံးပါတယ်။ ဒါပေမဲ့ အားလုံးကလည်း ကိုယ့်အတိုင်းအတာနဲ့ကိုယ် လောက်ငှရုံဝန်ထမ်းတွေမို့ သူ့ကို ဘယ်သူမှ အမြဲချေးငှားမပေး နိုင်တော့ သူ့မှာ အမြဲကသီလင်တဖြစ်ရပါတယ်။ သူ့ကိုမေးကြည့်တော့လည်း သူ့အဖေအမေက သိပ်အသက် ကြီးကြီးတွေ မဟုတ်သေးပါဘူး။ ငါးဆယ်ကျော်ဝန်းကျင်နဲ့ ကျန်းကျန်းမာမာလုပ်နိုင်ကိုင်နိုင်ကြပါသေးတယ်။ မောင်နှမတွေလည်း အားလုံးအရွယ်ရောက်နေပါပြီ။ ပြောချင်တာက အဲ့ဒီလူအားလုံးသာ အလုပ်လုပ်ကြမယ် ဆိုရင် ဒီကောင်မလေးဆီက လစာကို လတိုင်းအဲ့ဒီလိုမရမကတောင်းသုံးနေစရာမလိုပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

နောက်တော့ ကောင်မလေးက ခြေလှမ်းတွေပျက်လာပါတယ်။ အသက်ကြီးကြီးငယ်ငယ်ယောက်ျားတွေနဲ့ တွဲလာပါတယ်။ နောက်တော့ အဆောင်က သူ့ကို သိပ်သဘောမကျလို့ ပြောင်းခိုင်းလိုက်ပါတယ်။ အခုဆိုရင် အလုပ်ကလည်း ထွက်လိုက်ရပြီလို့ ပြောပါတယ်။ သူ့ကိုတွေ့တော့ ပြောင်ပြောင်ရောင်ရောင်နဲ့ပါ။

ကျွန်မတို့ကတော့အတူနေခဲ့ဖူးတဲ့သံယောဇဉ်ကြောင့်ကော သူ့ကို နှမြောမိပါတယ်။ စိတ်လည်း မကောင်းပါဘူး။ ဂန္ထဝင်ကို ရင်ဖွင့်တာက ကိုယ့်သားသမီးတွေ အဝေးကနေ ပိုက်ဆံပို့နေတိုင်း မမေးမမြန်း မယူ ကြပါနဲ့လို့။ သူတို့ဘယ်လိုရှာဖွေပြီး ပို့ရရှာသလဲ၊ ကိုယ်တွေအတွက် သူတို့ဘဝလမ်းကြောင်းပါ တိမ်းစောင်းသွား နိုင်တယ်ဆိုတာလေး တချို့မိဘတွေကို သတိပြုမိစေချင်ရုံပါ။

ရင်ဖွင့်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ဂန္ထဝင်။