သင်မထိန်းချုပ်နိုင်တဲ့လူတွေကြောင့် စိတ်ဖိစီးမခံပါနဲ့။

blank

သင်လုပ်နိုင်တာလုပ်ပြီးသာ သင့်ကိုယ်သင်ကာကွယ်လိုက်ပါ။

ကိုဗစ်ရဲ့ဒုတိယလှိုင်းကတော့ စတင်နေပါပြီ။

တချို့တွေက ပထမအကြိမ်ကြုံဖူးပြီးသားမို့ ပိုဂရုစိုက်လာကြတာရှိသလို တချို့တွေကလည်း ပထမအ ကြိမ်ကြုံဖူးပြီးသားဆိုပြီး အလေးအနက်မထားတော့ဘဲ ပေါ့ပေါ့လျော့လျော့နေလာကြတာလည်း ရှိပါတယ်။ တ ချို့ကလည်း ဖြစ်လည်း အများပဲ၊ ကိုယ်တစ်ယောက်တည်းမှမဟုတ်တာလို့ တွေးပြီး ပုံမှန်အတိုင်းပဲ သွားလာ လည်ပတ်လို့ကောင်းနေတုန်းပါပဲ။ ရောဂါကူးစက်မှုတွေကလည်း အဲ့ဒီလိုတွေကနေပဲ ပြန့်ပွားလာတာဖြစ်ပါ တယ်။

ဒါပေမဲ့…. ဒါတွေက သင်လိုက်ပြီး ထိန်းချုပ်လို့ရတဲ့အရာတွေမဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သင့်မိသားစုကို သင်ပြောလို့ရတယ်။ သင့်အရင်းနှီးဆုံးသူငယ်ချင်းတွေကို သင်သတိပေးလို့ ရတယ်။ သင်နဲ့နီးစပ်ရာတချို့ထဲက လက်ခံမယ်ထင်တဲ့သူကို သင်ပြောလို့ရချင်ရမယ်။ လူတိုင်းကို သင်လိုက်ပြောနေလို့ မရပါဘူး။ သင်ထိန်းချုပ်လို့မရတဲ့သူတွေအတွက် သင့်ကိုယ်သင် စိတ်ဖိစီးမခံပါနဲ့။

ဒီကာလဟာ အိပ်ရေးဝဝအိပ်၊ စိတ်ချမ်းသာအောင်နေ၊ အာဟာရပြည့်ဝအောင်စားသောက်ပြီး ကိုယ်ခံအားကောင်းအောင်၊ ကျန်းမာအောင် နေ ထိုင်ရမယ့်ကာလဖြစ်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှလျှော့ချပါ။

သင်ထိန်းချုပ်နိုင်တဲ့အရာ တွေကိုပဲ လုပ်ပါ။ ဥပမာ- လူစုလူဝေးရှောင်တာ၊ လက်မကြာခဏဆေးတာ၊ အပြင်ထွက်တိုင်း mask တပ်ပါ။ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံးခြောက်ပေအကွာနေထိုင်ပါ။ အာဟာရပြည့်ဝအောင်စားပါ။ ဒါတွေက သင်ထိန်းချုပ်နိုင်တဲ့အရာတွေပါ။ သင်ထိန်းချုပ်နိုင်တဲ့အရာတွေကို ထိန်းချုပ်ခြင်းနဲ့သာ သင့်ကိုယ်သင် အ ကောင်းဆုံးဂရုစိုက်လိုက်ပါ။

သင်ကော သင့်စိတ်ဖိစီးမှုတွေကို လျှော့ချပြီး သင့်ကိုယ်သင်ဂရုစိုက်နေပြီလား။