အပြင်ထွက်အလုပ်လုပ်ချင်တယ်ဆိုတိုင်း ရည်းစားရချင်လို့လား။

blank

ကျွန်မက ငယ်ငယ်ကတည်းက မိဘတွေမရှိတော့လို့ ဦးလေးနဲ့ အဒေါ်က မွေးစားခဲ့တာပါ။ သူတို့မှာ သားသမီးမရှိတော့ ကျွန်မကို သမီးအရင်းလို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ သူတို့က ငွေကြေးလည်းအတော်ပြည့်စုံကြပါတယ်။ ကျွန်မက ဆယ်တန်းအောင်ပြီးတဲ့နောက် အဝေးသင်ပဲ တက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သင်တန်းတွေတက်မယ်။ အလုပ်လုပ်မယ်ပေါ့။ ဒါပေမဲ့ အဒေါ်နဲ့ ဦးလေးက ကျွန်မပြောတာတွေကို လုံးဝလက်မခံပါဘူး။

အခြားမှာ အလုပ်လုပ်တာကို ခွင့်မပြုတာနဲ့ မိသားစုပိုင် ပွဲရုံလေးမှာ ပညာသင်မယ်၊ လေ့လာမယ်လို့ပြောပေမယ့် “သမီးဘာမှ လုပ်စရာမလိုဘူး” လို့ ပြောပါတယ်။ ကျွန်မကအမြဲတမ်းပူဆာနေတော့ “ရည်းစားရသွားမှာ မို့လို့ဟေ့” ဆိုပြီး ဘုတောတောပြီး ပြောပါတယ်။ ကျွန်မက အဲ့လိုကိစ္စတွေ စိတ်မဝင်စားပါဘူး။ အလုပ်လုပ်ချင်တယ်။ သင်တန်းတွေတက်ချင်တယ်။ ငယ်တုန်းရွယ်တုန်းမှာ ကြိုးစားချင်တယ်။ သူတို့စိတ်ပြေနှိုး၊ စိတ်ပြေနှိုးနဲ့ စောင့်နေတာ အခုဆို ဘွဲ့တောင်ရပြီးပါပြီ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မကို အစစအရာရာ အလိုလိုက်ဖြည့်ဆည်းပေးပေမယ့် ကျွန်မကိုဘာမှ လုပ်ခွင့်မပေးတာနဲ့ အမြဲပြဿနာဖြစ်ရပါတယ်။ ပြဿနာဖြစ်တိုင်း အဒေါ်က ငိုယိုလိုက် ရင်ဘတ်စည်တီးဖြစ်လိုက်နဲ့ ကျွန်မပဲ အလျှော့ပေးလိုက်ရပါတယ်။ ကျွန်မကိုအခုအချိန်ထိ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတရားတွေ၊ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားမိပေမယ့် တစ်ခါတလေကျရင် ကျွန်မရဲ့အတောင်ပံတွေကို ရိုက်ချိုးထားသလို ခံစားရတယ်။

ကျွန်မလေ  ပညာတွေသင်ချင်တယ်။ အလုပ်တွေလုပ်ချင်တယ်၊ အရည်အချင်းတွေဖြည့်တင်းချင်တယ်။ တစ်ခါတလေဆိုရင် တိတ်တိတ်လေးထွက်သွားပြီး ကိုယ့်ဘဝကိုကိုယ်ရုန်းကန်ချင်တော့တာပဲ။ အဲ့ဒီလိုကျတော့လည်း ကျေးဇူးရှင်ကို စုံကန်သလိုများ ဖြစ်မလားတွေးမိပြန်တယ်။  ကျွန်မဘယ်လိုလုပ်သင့်လဲ။