လူယဉ်ကျေးတစ်ယောက်ဖြစ်ကြောင်း ဒီအပြုအမူလေးတွေနဲ့ သက်သေပြလိုက်ပါ

blank

စာချစ်သူတို့ရေ……..

ကျင့်ဝတ်ဆိုတဲ့စကားလုံးဟာ ရှေးဆန်ပြီး အရင်ကပဲ ကျင့်ဝတ်တွေကို တကယ်လိုက်နာကြတယ်လို့ လူအများစုကထင်ကြပါလိမ့်မယ်။ တကယ်တော့ အခုအချိန်ထိ လိုက်နာရမယ့်ကျင့်ဝတ်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စည်းမျဉ်းတွေကတော့ ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ အပန်းမကြီးပဲ လိုက်နာသင့်တဲ့ကျင့်ဝတ်လေးတွေ ရှိပါတယ်။ ကျင့်ဝတ်တွေဟာ သိသာထင်ရှားတာတွေ ရှိသလို၊ သိပ်မသိတာတွေလည်း ရှိပါတယ်။

ဒါကြောင့် လူအများကြား လိုက်နာသင့်တဲ့ကျင့်ဝတ်တွေကို ဂန္ထဝင်က တင်ဆက်ပေးလိုက်ပါတယ်။

၁။ အများသုံးအိမ်သာသုံးတဲ့အခါ……

အိမ်သာတက်ပြီး လက်ဆေးရမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါ့အပြင် အိမ်သာနဲ့ပတ်သက်ပြီး အခြားကျင့်ဝတ်လေးတွေလည်း ရှိပါသေးတယ်။

အိမ်သာတံခါးပိတ်ထားတယ်ဆိုရင် အတင်းမဖွင့်ပါနဲ့။ တံခါးပွင့်လာပြီး လူရှိနေတယ်ဆိုရင် အေးအေးဆေးဆေးလုပ်ပါစေ။

တကယ်လို့ ကိုယ်က မှန်ရှေ့မှာ မိတ်ကပ်ပြင်ချင်သေးတယ်ဆိုရင် လက်အခြောက်ခံစက်နား ကပ်မရပ်ပါနဲ့။ နောက်လူလက်ဆေးပြီးတဲ့အထိ စောင့်ပါ။

၂။ လူအများရှေ့ နှာချေချင်တဲ့အခါ…..

နှာချေချင်တဲ့အခါ အခြားသူတွေ သတိမထားမိအောင် တိတ်တိတ်ဆိတ်ဆိတ်နဲ့ မြန်မြန်ချေတာဟာ ကျင့်ဝတ်တစ်ခုပါ။ နှာအကျယ်ကြီးချေချင်တယ်ဆိုရင် လူအများရှိတဲ့နေရာကနေ ခွာပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ်ချေပါ။

ထမင်းစားပွဲမှာ နှာချေချင်တဲ့အခါ ဘေစင်နား သွားချေပါ။ လက်ဆေးပြီးမှ ပြန်လာပါ။

၃။ သွားကြားညှပ်နေတဲ့အခါ…….

သွားကြားညှပ်နေတဲ့အခါ သွားကြားထိုးတံသုံးပါ (သို့) ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပါ။

တကယ်လို့ တခြားတစ်ယောက်က သွားကြားညှပ်နေတယ်ဆိုရင် ပါးစပ်ပိတ်ပြီး သူနားလည်လာအောင် သွားကိုလျှာနဲ့ ခဏခဏထိုးပြပါ။ ဒါကိုမှ နားမလည်ဘူးဆိုရင် ဘေးလူမကြားအောင် သူ့ကို တိုးတိုးလေးဖွင့်ပြောပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဇစ်၊ ကြယ်သီးပြုတ်နေတဲ့အခါ

လူအများရှေ့မှာ ဇစ်၊ ကြယ်သီးပြုတ်နေတဲ့အခါ အိမ်သာသွားပြီး ပြန်တပ်ပါ။ တကယ်လို့ အိမ်သာနဲ့မနီးတဲ့နေရာမှာ ဇစ်၊ ကြယ်သီးပြုတ်နေတယ်ဆိုရင် တခြားသူတွေ မမြင်နိုင်လောက်တဲ့ နံရံဘက်ကပ်ပြီး ပြန်တပ်ပါ။

အခြားတစ်ယောက်က ဇစ်၊ ကြယ်သီးပြုတ်နေတယ်ဆိုရင် ဘယ်သူမှမကြားအောင် တိုးတိုးသတိပေးပါ။

ဒါ့အပြင် အဝတ်အစားနဲ့ပတ်သက်တဲ့ ကျင့်ဝတ်တွေလည်းရှိပါတယ်။ ဥပမာ- တံဆိပ်မဖြုတ်ရသေးဘူးဆိုရင် သတိပေးပါ။

၅။ သင့်လုပ်ဖော်ကိုင်ဖက်ဆီက အနံ့ဆိုးထွက်နေသောအခါ……

ကုမ္ပဏီကြီးတွေမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီးစည်းကမ်းတွေ တင်းကျပ်စွာချထားတတ်ပါတယ်။ ဥပမာ- အနံ့ပြင်းတဲ့ အစားအသောက်(သို့)ရေမွှေးတွေကို မသုံးကြဖို့ တားမြစ်ထားတယ်။

တကယ်လို့ သင့်လုပ်ဖော်ကိုင်ဖက်က ဒီစည်းကမ်းတွေကို မလိုက်နာချင်ဘူးဆိုရင် သင့်အနေနဲ့ သေချာဆွေးနွေးပြီး သူနားလည်လက်ခံလာအောင် ပြောပါ။

၆။ ပူလောင်တဲ့အစားအသောက်တွေ စားတဲ့အခါ…….

အစားအသောက်စားလိုက်တဲ့အခါ ပူလောင်နေတယ်ဆိုရင် လက်သုတ်ပဝါပေါ် ထွေးမချလိုက်ပါနဲ့။ ပါးစပ်ကို အကျယ်ကြီးဟပြီးလည်း မှုတ်မထုတ်လိုက်ပါနဲ့။ ရေအေးအေးလေး(သို့) တခြားသောက်စရာအအေးလေးတစ်ခုဖြစ်ဖြစ် သောက်ချလိုက်ပါ။ ဒါမှမဟုတ်ရင် အစားအသောက်ပန်းကန်ကို မှုတ်ပေးပါ။ အစားအသောက်အေးတဲ့အထိ စောင့်ပါ။

၇။ ဆယ်လ်ဖီဆွဲချင်တဲ့အခါ…….

သင့်အနေနဲ့ ဆယ်လ်ဖီဆွဲတဲ့အခါမှာလည်း လိုက်နာရမယ့်ကျင့်ဝတ်တွေ ရှိပါတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ဆယ်လ်ဖီဆွဲမယ်ဆိုရင် အရင်ခွင့်တောင်းပါ။ ပုံထဲမှာ အားလုံးလှနေစေဖို့ ဆယ်လ်ဖီဆွဲမယ့်အကြောင်း ဖွင့်ပြောပါ။

အိမ်သာ၊ ရေချိုးခန်း၊ အန္တရာယ်ရှိတဲ့နေရာတွေနဲ့ မတော်တဆထိခိုက်မှုဖြစ်ထားတဲ့နေရာတွေမှာ ဆယ်လ်ဖီမဆွဲပါနဲ့။

၈။ ကိုယ်ဝန်ဆောင်မိခင်နဲ့ အဝလွန်အမျိုးသမီးကို ခွဲခြားမသိဘဲ ခုံနေရာပေးချင်တဲ့အခါ

ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက် ခုံဖယ်ပေးရမှာဟာ ကျင့်ဝတ်တစ်ခုပါပဲ။ ခုံနေရာပေးချင်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်နဲ့ အဝလွန်အမျိုးသမီးကို မခွဲတတ်ဘူးဆိုရင်……

ကိုယ်ဝန်ဆောင်မိခင်အများစုဟာ ဖိနပ်အမြင့်တွေ မစီးဘူး။ ခြေမျက်စိတွေ ရောင်နေတတ်တယ်။

သူတို့ရဲ့အနေအထားကို သတိထားပါ။ လမ်းလျှောက်တဲ့အခါ ခြေတစ်လှမ်းနဲ့တစ်လှမ်း လေးတွဲနေမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင် ဖြစ်ဖို့များပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ခုံဖယ်ပေးပါ။

တကယ်လို့ သင့်ဘက်က ကိုယ်ဝန်ဆောင်မိခင်လား၊ အဝလွန်နေတာလား ကွဲကွဲပြားပြားမသိဘူးဆိုရင် အဲ့ဒီအမျိုးသမီး ဝင်ထိုင်၊ မထိုင်အခြေအနေကြည့်ပြီး မတ်တပ်ရပ်နေလိုက်ပါ။

ဒီကျင့်ဝတ်လေးတွေကို သေချာလိုက်နာပြီး အဆင့်တန်းရှိသူတစ်ယောက်ဖြစ်ကြောင်း ပြသလိုက်ပါ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။