သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။

blank

လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သင်ပြုလုပ်ခဲ့ဖူးတဲ့ အပြုအမူကောင်းလေးတွေအကြောင်း ခဏ လောက်အချိန်ယူစဉ်းစားကြည့်ပါလား။

အဲ့ဒါက တစ်ယောက်ယောက်ကို ကူညီခဲ့တာ၊ ဒါမှမဟုတ် ကြင်နာမှုတွေပြသခဲ့တာလိုမျိုး သေးငယ်ရိုး ရှင်းတဲ့ အပြုအမူလေးတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် သင့်ကိုယ်သင် ဂုဏ်ယူဖို့၊ ဂုဏ်ပြုဖို့ စက္ကန့်နည်းနည်းလောက်အချိန်ယူပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တစ်ခါတရံမှာ လူတွေဟာ အားငယ်နေတဲ့အခါ အသေးဆုံးတောင်လေးတက်ဖို့တောင်မှ တောင်အမြင့် ကြီးလို မြင်နေတတ်ပါတယ်။ ဒါပေမဲ့ တောင်က ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ တောင်ထိပ်မှာသင့် အလံကို မစိုက်ထူသင့်ဘူးလို့တော့ မမှတ်ယူသင့်ပါဘူး။ ဘယ်လောက်အတိုင်းအတာပမာဏပဲဖြစ်ဖြစ် သင်ကြိုး စားခဲ့တာအတွက်တော့ သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။

သင်ကော သင့်အောင်မြင်မှုတိုင်းအတွက် သင့်ကိုယ်သင် ဂုဏ်ယူတတ်ပြီလား။