သင့်ရှင်သန်ခွင့်ကို တန်ဖိုးထားပါ။

blank

သင်ဘာအတွက် ရှင်သန်နေတာလဲ။ ဘယ်သူ့အတွက်လဲ။ သင့်ကိုယ်သင် မေးကြည့်ပါ။ သင့်အဖြေက သင်မဟုတ်တဲ့ တခြားသောအရာတွေအတွက်ဖြစ်နေရင်တော့ တစ်ခုခုမှားနေပါပြီ။

တကယ်တော့ သင်လုပ်သမျှ အရာရာတိုင်းဟာ သင်နဲ့အဓိက ဆက်စပ်နေသင့်ပါတယ်။ သင်နဲ့ ပတ် သက်သမျှ လူတွေ၊ သင်နေထိုင်ရှင်သန်နေတဲ့နေရာတွေ၊ သင့်အခိုက်အတန့်တွေအားလုံးဟာ သင်နဲ့ စတင်ပြီး သင်နဲ့ပဲ အဆုံးသတ်သင့်ပါတယ်။ ဒါက သင့်ရဲ့ဘဝပါ။ သင့်ဘဝကို သင့်အတွက် အဓိပ္ပာယ်မရှိတဲ့ အရာတွေနဲ့ မဖြုန်းတီးပစ်သင့်ပါဘူး။ သင့်ကို နားလည်မှုမပေးနိုင်တဲ့၊ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ မပေးနိုင်တဲ့သူတွေနဲ့ အချိန်မကုန်သင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ရှင်သန်ခွင့်ဆိုတာ ဘဝမှာ တစ်ကြိမ်ပဲရရှိတာဖြစ်တဲ့အတွက် သင်လုပ်ရမှာက သင့်အချိန်တွေကို တန်ဖိုးထားဖို့ပါ။ ဒါကြောင့် နေ့ရက်တိုင်းကို သင့်နေရက်တွေဖြစ်အောင် ဖန်တီးယူလိုက်ပါ။ သင့်နေ့ရက်တွေကို သင်အပြည့်အဝပိုင်ဆိုင်လိုက်ပါ။

ပြီးတော့ သင့်ဖြစ်တည်မှုအတွက်လည်း ဘယ်သူ့ကိုမှ မတောင်းပန်လိုက်ပါနဲ့နော်။