လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မခံရနိုင်ဘူးလား။

blank
Portrait of a stressed out business woman at her workplace. She is looking at current document report and is not satisfied with the results.

သင့်ရဲ့လုပ်ငန်းခွင်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု လုံးဝကင်းစင်တဲ့နေရာတစ်ခုဆိုရင် ဂုဏ်ယူလိုက်ပါ စာချစ်သူတို့။

အမေရိကန်နိုင်ငံမှာ အမျိုးသမီးများအနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုက ၆ဝ% အထိရှိတယ်လို့သိရပါတယ်။ အဲ့ဒီအကြမ်းဖက်ခံရမှုတွေရဲ့ ၇ဝ% ဟာ လုပ်ငန်းခွင်အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့လည်း ထပ်ပြီးလေ့လာခဲ့ရပါတယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကင်းစင်ပြီး ပျော်ရွှင်တက်ကြွတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးချင်တဲ့ လုပ်ငန်းရှင်တွေ၊ HR တွေအတွက် သတိထားစရာ အချက်တစ်ချက်ပါပဲ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မိမိရဲ့လုပ်ငန်းခွင်မှာ ရာထူးအာဏာတွေကို အသုံးချပြီး အကြမ်းဖက်တာတွေရှိနေလား၊ တစ်ယောက်ကိုတစ်ယောက် စိတ်အနှောင့်အယှက်ပေးနေလားဆိုတာကို စောင့်ကြည့်တားမြစ်ပေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင်လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကင်းစင်စေရေးအတွက် သင်တန်းတွေပေးတာ၊ အသိပညာဗဟုသုတတွေဝေမျှပေးတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒါဟာ တစ်ရက်တည်း တစ်ချိန်တည်းနဲ့ ပြီးသွားမယ့်အရာတွေလည်း မဟုတ်ပါဘူး။ တစ်ရက်ချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်း တဖြည်းဖြည်းတည်ဆောက်သွားရမယ့် အရာဖြစ်ပါတယ်။

သင့်အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတယ်ဆိုရင်လည်း ရှက်ရွံ့ပြီး ဖုံးကွယ်ထားတာမျိုးထက် သက်ဆိုင်ရာကို အသိပေးပြီး အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ အရေးကြီးပါတယ်။

မှတ်ထားရမှာက သင်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းဟာ သင့်ကိစ္စတစ်ခုတည်းမဟုတ်ပါဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အရေးကိစ္စဖြစ်တာကြောင့် သင့်အသံကို အားလုံးကြားအောင် ပြောပြလိုက်ပါနော်။