“ဖိနပ်တစ်ရံကပေးတဲ့ သင်ခန်းစာ”

blank

            တစ်ခါက ရွာတစ်ရွာမှာ သိပ်ကိုရှေးရိုးဆန်တဲ့ အဘိုးတစ်ဦးရှိသတဲ့။  သူက အသက်ကြီးပြီး အသိပညာကြွယ်ဝသူတစ်ဦး ဖြစ်သလို နည်းနည်းလည်းဇီဇာကြောင်သတဲ့။ တစ်နေ့မှာ သူက လမ်းလျှောက်ထွက်လာရင်း သူ့ဖိနပ်ဟောင်းနွမ်းလာပြီး ပြတ်တော့မယ်ဆိုတာကို သတိထားမိ လိုက်တယ်။ ပြီးတော့ သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေတဲ့ ဖိနပ်ကောင်းကောင်းတစ်ရံ လိုအပ်လာပြီဆိုတာကို တွေးမိလိုက်တာပေါ့။

သူ့ဖိနပ်သာ စုတ်ပြတ်သွားခဲ့ရင် ဖိနပ်အသစ်ဝယ်ဖို့ အတွက် စာအုပ်ပေါင်းများစွာကို ဖတ်ရင်း လေ့လာခဲ့တယ်။ ပြီးတော့ ဖိနပ်ရွေးချယ်နည်း စာအုပ်တွေရဲ့ ညွှန်ကြားချက်အတိုင်း သူ့ခြေထောက်ကို တုတ်ချောင်းနဲ့ တိုင်းတာခဲ့ပြီး ဈေးကိုလျှောက်လာခဲ့တာပေါ့။ ဈေးမှာ သူအကြိုက်ဆုံး ဖိနပ်တစ်ရံတွေ့တဲ့ အခါမှာတော့ သူ့ခြေထောက်ဆိုဒ်နဲ့ တိုင်းထားတဲ့ တုတ်ချောင်းက အိမ်မှာကျန်ခဲ့တာကို သူသိခဲ့တယ်။ ခုရောက်နေတဲ့ ဖိနပ်ဆိုင်ကလည်း သူ့အိမ်နဲ့ အတော်ဝေးတာကြောင့် နောက်ရက်မှ ဝယ်မယ်လို့ ဆုံးဖြတ်ပြီး  အိမ်ကို ခြေဗလာနဲ့ ပြန်လာခဲ့ပါတော့တယ်။ နောက်တစ်နေ့ ဖိနပ်ဆိုင်ကို ရောက်တဲ့အခါမှာ သူဝယ်မယ့်ဖိနပ်က မရှိတော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီအခါမှာ ဖိနပ်ဆိုင်ပိုင်ရှင်က  “မနေ့တုန်းက လူပါလား။ ဖိနပ်ဝယ်ဖို့ လာပြီးမှ ဘာလို့ ပြန်သွားတာလဲ။” မေးပါတယ်။

ပညာရှိကလည်း “ကျွန်တော့် ခြေထောက်နဲ့ တိုင်းထားတဲ့ တုတ်ချောင်းက အိမ်မှာကျန်ခဲ့လို့ ကျွန်တော်ပြန်သွားခဲ့တာပါ” လို့ ရှင်းပြပါတယ်။ ဖိနပ်ဆိုင်ပိုင်ရှင်က ရယ်ပြီးတော့  “ဟာ….ဖိနပ်ဝယ်တာများ စာအုပ်ထဲကနေ ညွှန်ကြားချက်တွေ အတိအကျလိုက်နာစရာလိုလို့လားဗျ။ ရှင်းနေတာကို ရှုပ်အောင်လုပ်တယ်ဗျာ။ ဖိနပ်ဝယ်ဖို့အတွက် သင့်ခြေထောက်ရယ်၊ ပိုက်ဆံရယ်နဲ့ သာမန်အသိဉာဏ်ရယ်ပဲ လိုပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဂန္ထဝင်အနေနဲ့ ဒီပုံပြင်လေးကို ဖတ်ပြီးတဲ့အခါ တစ်ခါတလေမှာ ကိစ္စတိုင်းမှာ အတွေးလွန်နေရင် ခရီးမရောက်ဘူးဆိုတာသင်ခန်းစာရခဲ့ပါတယ်။  အသိပညာဆိုတာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ အခြေအနေတိုင်းမှာ စာအုပ်ကြီးအတိုင်းသွားလို့မရဘူးဆိုတာကိုလည်း တွေးမိလာတယ်။

သင်ကော… ဒီပုံပြင်လေးကိုဖတ်ပြီးတော့ ဘယ်လိုသင်ခန်းစာလေးတွေရခဲ့လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။