အိမ်အကူထားတော့မယ်ဆိုရင် မဖြစ်မနေ လုပ်ရမယ့် အချက် (၇) ချက်

blank

၁။ ယုံကြည်စိတ်ချရတဲ့ အေဂျင်စီ ဒါမှမဟုတ်ပွဲစားကနေ တဆင့်ရှာဖွေပါ။

၂။ အိမ်အကူကို မခန့်ခင် တစ်ခါနှစ်ခါလောက် စကားပြောကြည့်ပါ။ သေသေချာချာအကဲခတ်ပါ။

၃။ ဖြစ်နိုင်ရင် သင့်ဆီကို လာမလျှောက်ခင် လုပ်ခဲ့တဲ့အိမ်တွေကို ဆက်သွယ်ကြည့်ပြီး စုံစမ်းကြည့်ပါ။ နောက်ကြောင်းကို လေ့လာသုံးသပ်ကြည့်ပါ။

၎။ ကူးစက်ရောဂါတွေ ရှိမရှိ ဆေးစစ်ကြည့်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

၅။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို အိမ်အကူနဲ့ ထားခဲ့ရတယ်ဆိုရင် CCTV တပ်ထားပါ။ အဲ့ဒါက နှစ်ဦးနှစ်ဖက်ရဲ့ လုံခြုံရေးအတွက် စိတ်ချရပါတယ်။ အယုံလွယ်ပြီး အရာရာကို အပ်ထားတာမျိုးရှောင်ပါ။

၆။ အိမ်အကူနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ မှတ်ပုံတင်မိတ္တူတွေ၊ အိမ်ထောင်စုဇယားမိတ္တူတွေကို တောင်းခံထားပါ။ စနစ်တကျသိမ်းဆည်းထားပါ။

၇။ အိမ်အကူကော မိမိအတွက်ပါ မျှတတဲ့ စည်းမျဉ်းတွေကို သတ်မှတ်ထားပါ။ အလုပ်မခန့်ခင်ကတည်းက သူတို့ထမ်းဆောင်ရမယ့် တာဝန်တွေ၊ သူတို့လိုချင်တဲ့ အရာတွေကို ကြိုတင်ညှိနှိုင်းထားပါ။ နှစ်ဦးနှစ်ဖက်အတွက် တရားမျှတမှုရှိပါစေ။

သင်ကော… အိမ်အကူထားမယ့်သူတွေအတွက် ဘယ်လိုအကြံပြုစကားလေးတွေပေးချင်လဲ။ Comment box မှာ မျှဝေပေးခဲ့ပါဦး။