မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

blank

ရေရှားပါးလွန်းလို့ စိုက်ပျိုးရေးတောင် မလုပ်နိုင်တဲ့ ရွာလေးတစ်ရွာမှာ မျက်မမြင်တစ်ယောက်နေထိုင်ပါတယ်။ သူဟာ ရွာသားတွေအားလုံးကို မိုးရေတွေ သိုလှောင်ထားနိုင်မယ့် ကန်လေးတစ်ကန်တူးကြရအောင်လို့ ဆော်သြပေမယ့် ဘယ်သူကမှ သူ့စကားကို နားမထောင်ကြပါဘူး။

ဒါကြောင့် လူတွေက သူ့ကိုအရူးလို့ လှောင်ပြောင်သရော်နေတဲ့ကြားကပဲ ရေကန်ကို သူတစ်ယောက်တည်း တူးခဲ့ပါတယ်။ သူဟာ ဒီရေကန်ကို ၂၅နှစ်ကြာအောင် တူးခဲ့ရပြီး နောက်ဆုံးမှာတော့ ကြီးမားလှတဲ့ ရေကန်ကြီးတစ်ကန်ကို တူးဖော်နိုင်ခဲ့ပြီး မိုးရေတွေ သိုလှောင်ထားနိုင်ခဲ့ပါတော့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရွာသားတွေဟာလည်း ဒီကန်ကရတဲ့ရေတွေနဲ့ပဲ စိုက်ပျိုးရေးတွေ စတင်လုပ်ကိုင်နိုင်လာပါတော့တယ်။

အဲ့ဒီအချိန်ကစပြီး ရေရှားပါးတဲ့ ပြဿနာလည်း မရှိတော့ပါဘူး။ လူတစ်ယောက်တည်းကပဲ စိတ်ရှည်လက်ရှည်နဲ့ အလုပ်ကြိုးစားပြီးတော့ တစ်ရွာလုံးကို ကယ်တင်နိုင်ခဲ့တာပါ။ ဒါဟာ Orissa ရွာက တကယ့်အဖြစ်အပျက်လေးပါ။ မျက်စိမမြင်တဲ့သူတစ်ယောက်ကတောင် ကြိုးကြိုးစားစားနဲ့ တစ်ရွာလုံးကို ကယ်တင်နိုင်ခဲ့တယ်ဆိုရင် သင်တို့ကကော ဘာကိုစောင့်နေကြဦးမှာလဲ။

သင်ဖြစ်ချင်တဲ့အရာကို ဒီနေ့ပဲ စပြီးအကောင်အထည်ဖော်လိုက်ပါ။