သင်မတတ်နိုင်တဲ့အရာတွေအတွက် သင့်ကိုယ်သင် အပြစ်တင်နေတာကို ရပ်လိုက်ပါ။

blank

သင့်နှုတ်ခမ်းနီပျက်သွားတဲ့အခါ ပြန်ဆိုးလိုက်ပါ။ ဘာကြောင့်ပျက်ရတာလဲဆိုပြီး သင့်ကိုယ်သင် မုန်း တီးနေစရာမလိုပါဘူး။ အသုံးမကျဘူးလို့လည်း သင့်ကိုယ်သင်အပြစ်တင်နေစရာမလိုပါဘူး။ နှုတ်ခမ်းနီဆိုတာ ဘယ်လောက်ပဲကောင်းကောင်း အစားစားလိုက်၊ ရေသောက်လိုက်ရင် ပျက်နိုင်တာ သဘာဝပါပဲ။ ပြန်ဆိုးလို့ရ တဲ့အရာအတွက် ပြန်ဆိုးလိုက်ပါ။

သင့်ကိုယ်သင်နဲ့ ပတ်သက်ရင်ကော ဘာကြောင့် အဲ့ဒီလိုမလုပ်နိုင်တာလဲ။

ဘဝမှာလည်း အဲ့ဒီလိုပါပဲ။ သင့်အတွက် လိုအပ်ချက်တစ်ခုခုဖြစ်ပေါ်တဲ့အခါ သင့်ကိုယ်သင် အပြစ် မတင်သင့်ပါဘူး။ မမုန်းတီးသင့်ပါဘူး။

လူတိုင်းအတွက် နေ့ရက်တိုင်းက ကောင်းတဲ့နေတွေချည်းမဖြစ်နိုင်ပါဘူး။

သင့်ဘဝမှာလည်း သင်လုပ်နိုင်တာရှိမယ်။ မလုပ်နိုင်တာရှိမယ်။ အားသာချက်ရှိမယ်။ အားနည်းချက်ရှိ မယ်။ သင်မတတ်နိုင်တဲ့အရာတွေအတွက် သင့်ကိုယ်သင် အပြစ်တင်နေတာတွေကို ရပ်လိုက်ပါ။

စာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။