ဘဝမှာပေါ့ပါးပျော်ရွှင်ချင်ရင် ခွင့်လွှတ်ခြင်းနဲ့ယှဉ်တွဲနေထိုင်ပါ။

blank

စာချစ်သူတို့ရေ…

ပေါ့ပါးပျော်ရွှင်တဲ့ဘဝဆိုတာတော့ လူတိုင်းပိုင်ဆိုင်ချင်ကြမှာပါ။ အဲ့ဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဘဝရရှိဖို့ ပြုလုပ်ရမယ့်အရာရှိပါတယ်။ အဲ့ဒါကတော့ ခွင့်လွှတ်တတ်တဲ့စိတ်မွေးမြူဖို့ပါပဲ။

မှန်ပါတယ်။ ခွင့်လွှတ်လိုက်ခြင်းကသာ သင့်အတွက် ပေါ့ပါးပျော်ရွှင်တဲ့ဘဝကို ယူဆောင်လာပေးနိုင် မှာပါ။  ဒေါသ၊ စိတ်ပျက်မှုတွေ၊ ခါးသီးမှုတွေနဲ့ စော်ကားခံရမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ ပြီးပြီးသား အတိတ် ဆီက ဒေါသတွေကို ဆုပ်ကိုင်ထားနေတာက သင့်ကိုနာကျင်စေရုံကလွဲပြီး အကျိုးမရှိစေပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ခွင့်လွှတ်ခြင်းက သင့်အပေါ်အမှားကျူးလွန်ခဲ့သူတွေကို အပြစ်မရှိဘူးလို့ တွေးခိုင်းလိုက်တာမဟုတ် ပါဘူး။ သင်မဟုတ်တဲ့ သူတို့ဘာသာပြုလုပ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီး စိတ်ပျက်မှု၊ ဝမ်းနည်းမှုတွေနဲ့ သင့် ကိုယ်သင် အကြာကြီးအပြစ်မပေးသင့်ဘူးလို့ ဆိုလိုတာပါ။

ပြီးပြီးသားအတိတ်ကို အရှိအတိုင်းလက်ခံလိုက်ပါ။ ဒါမှသာ သင်ရှေ့ဆက်လျှောက်လှမ်းနိုင်မှာပါ။ တစ်ခါတရံမှာ သင့်အနေနဲ့ ခွင့်လွှတ်ဖို့ ခက်ခဲချင်ခက်ခဲနေလိမ့်မယ်။ ဒါပေမဲ့ ဒေါသရဲ့ဝန်ထုပ်ဝန်ပိုးကို ဆက်လက်ထမ်းပိုးသယ်ဆောင်သွားနေရတာက ပိုခက်ခဲတဲ့အတွက် ခွင့်လွှတ်ခြင်းဖြင့် သင့်ကိုယ်သင် လွတ်မြောက်ခွင့်ပေးလိုက်ပါ။

သင်ကော ခွင့်လွှတ်ဖို့အဆင်သင့်ဖြစ်ပြီလား။