နာကျင်စရာအတိတ်ကို လှည့်ကြည့်ပူဆွေးနေတာနဲ့ အနာဂတ်ဖန်တီးခွင့်ကို လက်ထဲက လွှတ်မသွားပါစေနဲ့။

blank

“ ဒီနေ့” မှာ ရပ်နေကြတဲ့သူတိုင်းဟာ “ မနေ့က ” ဆိုတဲ့ အတိတ်တွေကို ဖြတ်သန်းခဲ့ကြရသူတွေချည်း ပါ။ တချို့တွေဖြတ်သန်းခဲ့ကြရတဲ့ အတိတ်တွေက လှပပေမဲ့ တချို့တွေရဲ့ အတိတ်တွေကတော့ ပြန်တွေးချင် စရာမကောင်းလောက်အောင် နာကျင်စရာတွေ ရှိခဲ့ဖူးကြတယ်။ နာကျင်စရာအတိတ်တွေကိုသယ်ဆောင်ရင်း တချို့တွေဟာ ဘဝကို လေးလေးပင်ပင်လျှောက်လှမ်းနေကြပါတယ်။ ပစ္စုပ္ပန်ကာလကို မပျော်မရွှင်ရှင်သန်နေ ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

တကယ်တော့ အတိတ်ဆိုတာ ပြီးသွားပါပြီ။ မှားခဲ့သည်ဖြစ်စေ၊ လိုအပ်ချက်တွေဘယ်လောက်ပဲ ရှိခဲ့ သည်ဖြစ်စေ ပြန်လည်ပြင်ဆင်ဖြည့်စွက်လို့ မရတော့ပါဘူး။ မရတော့တဲ့အရာအတွက် လှည့်ကြည့်ပူဆွေးနေ တာ၊ နောင်တရနေတာ၊ နာကျင်နေတာတွေဟာ ရှေ့ဆက်ဖန်တီးမယ့်အနာဂတ်အတွက် အဟန့်အတားတွေ ဖြစ်စေရုံအပြင် အကျိုးမရှိစေပါဘူး။ အနာဂတ်မှာ နာကျင်စရာတွေ မဖန်တီးမိအောင် အတိတ်ဆီက သင်ခန်း စာတွေကိုယူပြီးတော့သာ ရှေ့ဆက်လျှောက်လှမ်းရမှာပါ။ သင့်ဘဝကို တကယ်တန်ဖိုးထားတယ်ဆိုရင် နာကျင် စရာအတိတ်တွေကို လှည့်ကြည့်ပူဆွေးနေရင်း သင့်လက်ထဲက အနာဂတ်ဖန်တီးခွင့်ကို လက်လွှတ်ဆုံးရှုံးမခံ လိုက်ပါနဲ့နော်။

စာစောင်လေးကို ကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။