သွေးမတော်သားမစပ်တာနဲ့ပဲ မောင်နှမလို ချစ်ခင်လို့မရဘူးလား။

blank

ကျွန်မမှာ ဇော်လို့ခေါ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျွန်မတို့ရဲ့ မိဘတွေက တစ်ယောက်ကိုတစ်ယောက် ခင်တွယ်လွန်းလို့ ခြံချင်းကပ်ရပ်နေခဲ့ကြတဲ့ အခင်ဆုံးသူငယ်ချင်းတွေပါ။ တစ်ဦးတည်းသော သားသမီးတွေပီပီ တစ်ယောက်ကိုတစ်ယောက်ခင်မင်ခဲ့ကြပါတယ်။ သူဟာ ကျွန်မအတွက်တော့ မောင်လေးလို၊ ညီမလေးလို၊ သူငယ်ချင်းလို တွယ်တာရတဲ့ သူငယ်ချင်းတစ်ယောက်ပါ။

ကျွန်မတို့ အရွယ်ရောက်လာတော့ ဇော်ကချစ်သူရလာခဲ့တယ်။ တစ်ဦးတည်းသောသမီး ကျွန်မအတွက် ညီမအရင်းတစ်ယောက် ကောက်ရလိုက်သလိုပါပဲ။ အဲ့ဒီအချိန်ကစပြီး ဇော်နဲ့ပတ်သက်ရင် အစစအရာရာ သတိထားခဲ့တယ်။ ဘယ်မိန်းကလေးမဆို ချစ်သူရဲ့ဘဝမှာ ပထမဖြစ်ချင်တာပဲ မဟုတ်လား။  ဒါ့ကြောင့် ဇော့်ဘဝကနေ ကျွန်မမသိမသာလေးရှောင်ဖယ်ရင်း သူ့ချစ်သူအထင်လွှဲစေမယ့် ကိစ္စတိုင်းကိုရှောင်ခဲ့တယ်။

ခက်တာက ဇော့်ကောင်မလေးပါ။ သူ့အသိယောက်ျားလေးတွေနဲ့ ကျွန်မကို မိတ်ဆက်ပေးပြီး ဇွတ်အတင်းအောင်သွယ်ပေးဖို့ ကြိုးစားတယ်။ တစ်ရက်ပြီးတစ်ရက်ဆိုးလာတော့ ကျွန်မဘဝတန်ဖိုးတွေနဲ့ တူညီတဲ့ယောက်ျားလေးတစ်ယောက်ကိုတွေ့လာမှ ရည်းစားထားမှာ အောင်သွယ်ပေးနေရင်လည်း မောမှာပဲအဖတ်တင်လိမ့်မယ်လို့ ပြောပစ်လိုက်တယ်။ သူက “အဲ့ဒီလူက ဇော်လား ” တဲ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မလေ မိန်းကလေးချင်း ကိုယ်ချင်းစာတဲ့စိတ်ကြောင့် ဇော်စိတ်မကောင်းဖြစ်နေတာကို သိရက်နဲ့ ဇော့်ကိုရှောင်ဖယ်ခဲ့တယ်။ ဇော့်မှာချစ်သူရှိတာနဲ့ပဲ တစ်သက်လုံးတွယ်တာလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်မလုံးဝမပက်သက်မရတော့ဘူးလား။ ဒါမှမဟုတ် ဇော့်ချစ်သူစိတ်ချယုံကြည်ဖို့အတွက်နဲ့ ကျွန်မမထားချင်ဘဲ ရည်းစားတစ်ယောက် ကောက်ထားလိုက်ရမှာလား။ သွေးမတော်သားမစပ်တာနဲ့ပဲ ကျွန်မတို့မောင်နှမလို ခင်တွယ်လို့မရနိုင်ဘူးလား။