ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးရင် ဒီအရာတွေကို လုံးဝဂရုမစိုက်ပါနဲ့။

blank
၁။ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေ။

ကိုယ်ဂရုစိုက်လေလေ သူတို့က ဂရုမစိုက်လေလေပါပဲ။ ဒါကြောင့် သူတို့ကို လျစ်လျူရှုလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်လိုက်ပါ။

၂။ အဆိုးမြင်တတ်တဲ့သူတွေ။

သူတို့နဲ့ ဝေးဝေးမှာသာ နေထိုင်ပါ။ သူတို့ရဲ့ အဆိုးမြင်စိတ်ဓာတ်တွေ ကိုယ့်ဆီရောက်မလာပါစေနဲ့။

၃။ အသက်အရွယ်။

ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ဖို့ အသက်ကြီးတယ်၊ ငယ်တယ်မရှိပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အတိတ်က နောင်တရစရာဖြစ်ရပ်တွေ။

အတိတ်က နောင်တရစရာဖြစ်ရပ်တွေဟာ ကိုယ့်ကို ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တဲ့အရာဖြစ်ပေမယ့် ဒါတွေကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို အမြဲတမ်းသယ်ဆောင်ထားနေဖို့တော့ မလိုအပ်ပါဘူး။

၅။ လူ့အဖွဲ့အစည်းရဲ့ အလှအပဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေ။

အလှအပမှာ စံနှုန်းတွေအများကြီးရှိပါတယ်။ လူတွေကို ကိုယ်နဲ့ ပတ်သက်ပြီး အကဲမဖြတ်ပါစေနဲ့။

၆။ တခြားသူတွေရဲ့ အမြင်တွေ။

လူတိုင်းကို ကိုယ့်အပေါ်နှစ်သက်လာအောင်လုပ်ဖို့ ဘယ်သူမှ မတတ်နိုင်ပါဘူး။ ဒါကြောင့် အကောင်းဆုံးသာ လုပ်ပါ။ အကောင်းဆုံးလုပ်လို့ နောင်တရတယ်ဆိုတာ မရှိပါဘူး။

စာချစ်သူတို့ကော ဒီအချက်တွေထဲက ဘယ်နှစ်ချက်လောက်ကို ဂရုမစိုက်ဘဲ နေနိုင်ပြီလဲဆိုတာ comment box မှာ မျှဝေပေးခဲ့ပါဦးနော်။