မနိုင်ဝန်တွေထမ်းပြီး သင့်ကိုယ်သင်ဆွဲနှစ်နေမိပြီလား။

blank

ညညဆို အိပ်မပျော်ဘူးလား။

တွေးပူရတာတွေနဲ့ အပျော်တွေပျောက်ဆုံးနေလား။

တစ်ခါတလေမှာ သင့်ကို ပေါ့ပါးပျော်ရွှင်မှုတွေပျောက်ဆုံးနေစေတာဟာ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေထက် သင့်စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ သဘောကောင်းတဲ့သင်ဟာ၊ အားနာတတ်တဲ့ သင် ဟာ၊ တာဝန်ကျေပွန်ချင်တဲ့သင်ဟာ၊ အကြီးပီသချင်တဲ့သင်ဟာ တစ်ခါတလေ သင့်အတွက် မနိုင်ဝန်မှန်းတောင် မတွေးမိတော့အောင် ဝန်ထုပ်ဝန်ပိုးတိုင်းကို ထမ်းချင်နေခဲ့တယ်။ ထမ်းခဲ့မိတယ်။ ပခုံးနဲ့မနိုင်ရင်တောင် စိတ်နဲ့ ထမ်းပေးမိတယ်။ ကြာလာတဲ့အခါ မနိုင်ဝန်တွေများလာတဲ့သင့်ဘဝထဲ လွတ်လပ်ပေါ့ပါးမှုတွေ မရှိတော့သလို ပျော်ရွှင်မှုတွေလည်း တစ်စတစ်စပျောက်ဆုံးလာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဒီနေ့က သင့်ရဲ့ပျော်ရွှင်ခြင်းတွေကို ပြန်ရှာဖွေရမယ့်နေ့ပါ။ သင့်အတွက် အဆင်မပြေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အားမနာတမ်းလွှတ်ချပစ်ရမယ့်နေ့ပါ။ သင်အလေးထားတဲ့သူတွေလိုပဲ သင်ကလည်း ပျော်ရွှင်စွာရှင်သန်ဖို့ ထိုက် တန်တဲ့သူတစ်ယောက်ဆိုတာ သတိရရမယ့်နေ့ပါ။ သင်ချစ်တဲ့သူတွေကို သင်ချစ်ခင်ဂရုစိုက်သလိုပဲ သင့်ကိုယ် သင်ချစ်ခင်ဂရုစိုက်ရမယ့်နေ့ပါ။

အဲ့ဒါတွေအတွက် သင့်မနိုင်ဝန်တွေကို အရင်ဆုံးလွှတ်ချပစ်လိုက်ပါ။

သင်ကော သင့်ကိုယ်သင်ချစ်တတ်ပြီလား။